နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူသားစွမ်းရည်ပြည့်ဝရေး အစဉ်ကြိုးပမ်း

*********

မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အောင်မြင်မှုအဓိကအချက်မှာ အရည်အချင်းပြည့်ဝသည့် လုပ်သားထုဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကျပေသည်။ အရွယ် ရောက်သူတိုင်း ကောင်းမွန်သည့်လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန် အလုပ်အကိုင်၊ အခွင့်အလမ်းသစ်များဖန်တီးပေးရန်လိုအပ် သည်။ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးခြင်း ဖြင့် ပြည်သူတို့၏လူနေမှုစနစ်ကို မြှင့်တင်ပေးနိုင်မည်ဖြစ် သည်။ 

လူနေမှုအဆင့်အတန်းမြင့်မားသည်နှင့်အမျှ ဆင်းရဲမှု လျှော့ချရေးလုပ်ငန်းစဉ်များကို အထောက်အကူပြုမည်ဖြစ် သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများအား ပြည်တွင်းပြည်ပ၌ အလုပ်အကိုင်များ တိုးတက်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ 

သက်ဆိုင်ရာဌာနများက အလုပ်အကိုင်၊ အခွင့်အလမ်း၊ အလုပ်သမားဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမား များ၏ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေး ဝမ်းကျောင်းပညာရပ်ဆိုင်ရာသင်တန်းများကို ပုဂ္ဂလိကနှင့် ဌာနဆိုင်ရာများကပါ ပိုမိုပါဝင်ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတစ်နိုင်ငံတွင် အဓိကလိုအပ်ချက်မှာ လူသားအရင်း အမြစ်အတတ်ပညာ၊ ဓနအင်အား၊ သဘာဝသယံဇာတတို့ ဖြစ်သည်။ မိမိဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ အတတ်ပညာများကို  လေ့လာသင်ယူလိုက်နာပြီး   ကြိုးစား အားထုတ်ကာ အလုပ်လုပ်ကြရမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရသည်  နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အဘက်ဘက်မှ ကြိုးပမ်းနေချိန်တွင်  အလုပ်အကိုင်အခွင့် အလမ်းများပိုမိုရရှိခြင်းဖြင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုနိုင်မည်ဖြစ်သည်။ 

နိုင်ငံရေးနှင့်စီးပွားရေးသည် ဆက်စပ်လျက်ရှိပြီး ကမ္ဘာ့ ကုလသမဂ္ဂတွင်လည်းကောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ နှင့်လည်းကောင်း၊ အာဆီယံမျက်နှာစာတွင်လည်းကောင်း၊ မြန်မာနိုင်ငံအပေါ် စီးပွားရေး၊ နိုင်ငံရေးဖိအားအမျိုးမျိုးပေး လျက်ရှိသည်။ နိုင်ငံတော်အစိုးရနှင့် ပြည်သူများပူးပေါင်း လက်တွဲကြိုးပမ်းမှုများကြောင့် အောင်မြင်တိုးတက်မှုများ ရရှိနေသည်။ 

နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်ချက်ဖြစ်သည့် နိုင်ငံ စီးပွားရေးအတွက်    ထုတ်ကုန်တိုးမြှင့်ထုတ်လုပ်နိုင်ရန် နှင့် ပို့ကုန်တိုးမြှင့်နိုင်ရန်  ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် ကျောက်ဖြူ၊ ထားဝယ် SEZ များလည်း သီလဝါအထူးစီးပွား ရေးဇုန်ကဲ့သို့  အမြန်ဆုံးပြီးမြောက်ဆောင်ရွက်ရန် လိုအပ် သည်။

သီလဝါအထူးစီးပွားရေးဇုန်၌ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်အထိ နိုင်ငံပေါင်း ၂၀ မှ  ကုမ္ပဏီပေါင်း ၁၁၄ ခု         လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိရာ အလုပ်အကိုင်အခွင့်အလမ်း ပေါင်းများစွာဖော်ဆောင်နိုင်ပေသည်။ ယနေ့အချိန်တွင် သိပ္ပံ နှင့်နည်းပညာများ တစ်နေ့တခြားတိုးတက်ပြောင်းလဲလျက် ရှိရာ တိုးတက်မှုကိုအမီလိုက်နိုင်ရန် ယနေ့လူငယ်လူရွယ် များသည် သာမန်တတ်မြောက်သည်နှင့် တင်းတိမ်မနေဘဲ အစဉ်ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ပါကြောင်း ။






အခြားဆက်စပ်သတင်းများ