နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နှင့် ရှေ့ဆက်လက်တွဲရန် လိုအပ်ခြင်း ရှိ၊ မရှိ မြောက်ကိုရီးယား မေးခွန်းထုတ်

ပြုံယမ်း၊ ဇွန် ၁၂


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ပထမဆုံးထိပ်သီး အစည်းအဝေးကျင်းပသည့် ၂ နှစ်ပြည့် အထိမ်းအမှတ်နေ့တွင် အမေရိကန်နိုင်ငံနှင့် ရှေ့ဆက်လက်တွဲ ဆောင်ရွက်ရန် လိုအပ်ခြင်း ရှိ၊ မရှိ မေးခွန်းထုတ်ခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံနှင့်  ဆက်ဆံရေးကို ယင်း၏ သမ္မတသက်တမ်းအတွင်း အောင်မြင်မှုတစ်ရပ်ဟုမှတ်ယူထားသည့် သမ္မတ ဒေါ်နယ်ထရမ့်အတွက် မြောက်ကိုရီးယားနိုင်ငံ၏ မှတ်ချက်မှာ ထိုးနှက်ချက်တစ်ရပ်ဖြစ်သည်။ 


အမေရိကန်နှင့် မြောက်ကိုရီးယားနိုင်ငံကြား ဆက်ဆံရေး သိသိသာသာ တိုးတက်လာခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်က စင်ကာပူနိုင်ငံတွင် သမိုင်းဝင် ဆွေးနွေးပွဲလုပ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် တိုးတက်မှု တစ်စုံတစ်ရာမရှိခဲ့ပေ။ အမေရိကန်နှင့် မြောက်ကိုရီးယားနိုင်ငံကြား ဆက်ဆံရေးတိုးတက်ရေးမှာ လွန်ခဲ့သည့် နှစ်နှစ်တွင် တစ်ကမ္ဘာလုံး စောင့်ကြည့်ခဲ့ရသည့် အမြင့်ပျံ မျှော်လင့်ချက်တစ်ခုဖြစ်သော်လည်း ယခုအခါတွင် လက်မှိုင်ချစရာ အခြေအနေဖြစ်လာပြီဟု မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီဆန်ဂွမ်က ပြောသည်။ '' ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးနဲ့ စည်ပင်ဝပြော ကြွယ်ဝရေးအတွက် အကောင်းမြင် မျှော်လင့်ချက် သဲ့သဲ့လေးတောင် အိပ်မက်ဆိုးကြားမှာ လွင့်စင်ပျောက်ကွယ်သွားပါပြီ''ဟု ရီဆန်ဂွမ်က ဆိုသည်။


(KNT)






အခြားဆက်စပ်သတင်းများ