ရန်ကုန် ဇွန် ၁၂
ယခုအခါ မိုးရွာသွန်းမှုများလာသည်နှင့်အညီ နေ့စဉ်ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများ မြို့နယ် အတွင်း ဆောင်ရွက်ပေးလျှက်ရှိရာ ကျောက်တံတားမြို့နယ်ရေစီးရေလာနှင့်ရေဆိုးစီမံခန့်ခွဲမှုလုပ်ငန်း တာဝန်ခံ ဒေါ်မိုးမိုးအေးကြီးကြပ်လျှက် ၃၈ လမ်း(အလယ်ဘလောက်)၌ လူအင်အားဖြင့်ရေနုတ်မြောင်းဆယ်ယူကာ ထွက်ရှိလာသည့်မြောင်းချေးများနှင့်အမှိုက်များအားနေ့ချင်းပြီးရှင်းလင်းဆောင်ရွက်ပေးနေစဉ်။
မောင်မောင်