နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဈေးကွက်ပိုမိုရရှိရေး အလေးထားဆောင်ရွက်

လူသားတို့၏နေ့စဉ်ဘဝတွင် အဓိကလိုအပ်ချက်ဖြစ်သည့် စားရေး၊ ဝတ်ရေး၊ နေရေးအခြေခံလိုအပ်ချက်များအနက် နေ့စဉ်အဓိကလိုအပ်ချက်မှာ စားနပ်ရိက္ခာပင်ဖြစ်သည်။ 

နေ့စဉ်တိုးတက်နေသော လူဦးရေအတွက် စားနပ်ရိက္ခာ ဖူလုံပိုလျှံရေးမှာ အလွန်အရေးကြီးသောအချက်ဖြစ်သည်။ မြန်မာနိုင်ငံ၏လူဦးရေ ၅၅ သန်းကျော်ခန့်သော ပြည်သူ ပြည်သားများ စားနပ်ရိက္ခာပြည့်စုံစွာစားသုံးနိုင်ရေး ထုတ်လုပ် ပေးနေသည်မှာ တောင်သူလယ်သမား ဦးကြီးများပင်ဖြစ် သည်။ 

နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကြိုးပမ်း ဆောင်ရွက်ရာ၌ ရင်းနှီးမြှုပ်နှံမှုသည် အခြေခံကျသည့်အချက် ဖြစ်သည်။ လုပ်ငန်းကြီးများဆောင်ရွက်ရန်အတွက် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများလိုအပ်ပြီး လုပ်ငန်းငယ်များဆောင်ရွက်ရန် အတွက် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများလိုအပ်သည်။ နိုင်ငံတော် အစိုးရအနေဖြင့်    ပြည်တွင်း၊   ပြည်ပရင်းနှီးမြှုပ်နှံမှုများ အားကောင်းလာအောင် မူဝါဒများလက်တွေ့ဖန်တီးဆောင် ရွက်ပေးမှုများဖြင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပေးနေသည်။ 

နိုင်ငံတော်အနေဖြင့်   ကျေးလက်ဒေသနေပြည်သူများ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ကျေးလက်နေပြည်သူများ လူမှု ဘဝမြင့်မားရေး၊ ကျေးလက်သောက်သုံးရေနှင့် စိုက်ပျိုးရေ ရရှိရေး၊ ကျေးလက်လျှပ်စစ်မီးလင်းရေး၊ ကျေးလက်ပညာ ရေး၊ ကျန်းမာရေးတိုးတက်ကောင်းမွန်လာရေးအစရှိသဖြင့် ဖြည့်ဆည်းပေးလျက်ရှိသည်။ 

မိမိတို့နိုင်ငံသည်    စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက်             စိုက်ပျိုးမြေများရရှိရေး၊  တောင်သူများ  လုပ်ကိုင်ခွင့်ရရှိ သည့်မြေယာများကိုတန်ဖိုးထားပြီး စိုက်ပျိုးရေးလုပ်ငန်းကို သားစဉ်မြေးဆက်လုပ်ကိုင်သွားရန် လိုအပ်သည်။ 

တောင်သူလယ်သမားများအနေဖြင့်     သီးနှံပေါ်ချိန်၌ ထိုက်သင့်သည့်ဈေဈေးကွက်ပိုမိုရရှိရေး အလေးထားဆောင်ရွက် 

တောင်သူလယ်သမားများအနေဖြင့်     သီးနှံပေါ်ချိန်၌ ထိုက်သင့်သည့်ဈေးနှုန်းရရှိစေရေး၊ စိုက်ပျိုးစရိတ်ချေးငွေနှင့် ဘက်ပေါင်းစုံမှသွင်းအားစုများ ပံ့ပိုးပေးလျက်ရှိရာ တောင်သူ လယ်သမားတို့ရင်းနှီးမတည်ငွေ၊ လုပ်ငန်းလည်ပတ်ငွေများ တိုးပွားလာမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းထုတ်ကုန်များ တိုးတက်ထွက် ရှိရေးအတွက်  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို   တိုးချဲ့ ဆောင်ရွက်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား MSME စီးပွားရေးလုပ်ငန်းများကို အစိုးရက မြှင့်တင်အားပေးလျက် ရှိသည်။

မိမိတို့နိုင်ငံတွင်  သဘာဝသယံဇာတ၊ ရေသယံဇာတ ပေါကြွယ်ဝမှု၊ သဘာဝမှပေးသည့်  ရာသီဥတုအခြေအနေ ကောင်းများကြောင့် နိုင်ငံတော်၏စေတနာကို သိမြင်နားလည်ပြီး စီးပွားရေးတွင် အဓိကကျသည့် ပြည်တွင်း၊  ပြည်ပရင်းနှီး မြှုပ်နှံမှုများကို ထိရောက်စွာတိုးမြှင့်ဖော်ဆောင်ပြီး နိုင်ငံ့ စီးပွားတိုးတက်မှုကို အထောက်အကူပြုနိုင်အောင် တက်ညီ လက်ညီကြိုးပမ်းဆောင်ရွက်စေချင်ကြောင်း ။ ။းနှုန်းရရှိစေရေး၊ စိုက်ပျိုးစရိတ်ချေးငွေနှင့် ဘက်ပေါင်းစုံမှသွင်းအားစုများ ပံ့ပိုးပေးလျက်ရှိရာ တောင်သူ လယ်သမားတို့ရင်းနှီးမတည်ငွေ၊ လုပ်ငန်းလည်ပတ်ငွေများ တိုးပွားလာမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းထုတ်ကုန်များ တိုးတက်ထွက် ရှိရေးအတွက်  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို   တိုးချဲ့ ဆောင်ရွက်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား MSME စီးပွားရေးလုပ်ငန်းများကို အစိုးရက မြှင့်တင်အားပေးလျက် ရှိသည်။

မိမိတို့နိုင်ငံတွင်  သဘာဝသယံဇာတ၊ ရေသယံဇာတ ပေါကြွယ်ဝမှု၊ သဘာဝမှပေးသည့်  ရာသီဥတုအခြေအနေ ကောင်းများကြောင့် နိုင်ငံတော်၏စေတနာကို သိမြင်နားလည်ပြီး စီးပွားရေးတွင် အဓိကကျသည့် ပြည်တွင်း၊  ပြည်ပရင်းနှီး မြှုပ်နှံမှုများကို ထိရောက်စွာတိုးမြှင့်ဖော်ဆောင်ပြီး နိုင်ငံ့ စီးပွားတိုးတက်မှုကို အထောက်အကူပြုနိုင်အောင် တက်ညီ လက်ညီကြိုးပမ်းဆောင်ရွက်စေချင်ကြောင်း ။

အခြားဆက်စပ်သတင်းများ