ရန်ကုန်၊ ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် Covid-19 ကာလအတွင်း ၂၀၁၉-၂၀၂၀ စည်ပင်သာယာ ဘတ်ဂျက်ဖြင့် အမှတ် (၁၅) ရပ်ကွက်ရှိ အင်ကြင်းလမ်းမအား မော်တော်ယာဉ် များ အန္တရာယ်ကင်းရှင်းစွာ ဝင်ထွက်မောင်းနှင်နိုင်ရေးနှင့် ပြည်သူများသွားလာရေး လွယ်ကူအဆင်ပြေ ချောမွေ့စေရန်အတွက် အရှည် ၇၅၀ ပေ၊ အကျယ် ၁၄ ပေ၊ ထု ၆ လက်မရှိ လမ်းအား ဇွန် ၁၁ ရက်၊ နံနက် ၈ နာရီက ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခင်းခြင်း လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း တွေ့ရစဉ်။
လှလှထွေး(ပြန်/ဆက်)