နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မူးယစ်ဆေးဝါးအန္တရာယ်

********

လူငယ်ဟူသည် တက်ကြွ၏။ ရွှင်လန်း၏။ ဖျတ်လတ်၏။ ဉာဏ်ပညာထက်မြက်၏။ လူငယ်တို့သည် လူငယ်ဘဝဉာဏ် ပညာထက်မြက်ရေးကို ဆောင်ရွက်ကြသကဲ့သို့ အပျော်အပါး များကိုလည်း နှစ်သက်မက်မောတတ်ကြ၏။ ထိုအပျော်အပါး ကို ဆင်ခြင်ထုံတရားထား၍ အတိုင်းအတာအကန့်အသတ် ဖြင့် ပျော်ပါးကြဖို့သာဖြစ်သည်။ အဆိုးရွားဆုံးမှာ အပျော် အပါးနောက် လမ်းမှားလိုက်မိကြသည့်လူငယ်လူရွယ်များ ဖြစ်သည်။

အချို့လူငယ်လူရွယ်တို့မှာ ငွေကြေးတတ်နိုင်ခြင်း၊ မိဘ အုပ်ထိန်းသူတို့ တာဝန်မဲ့မှုနှင့်ကာယကံရှင်ကိုယ်တိုင် သတိ လက်လွတ်သားကောင်ဖြစ်သွားရသည်။ လမ်းမှားသို့ လွှဲမှား စွာလျှောက်လှမ်းနေသည်ကို နှမြောတသဖြစ်ရပါသည်။ 

တချို့က အချိန်မီမူးယစ်ဆေးဖြတ်ပြီး လူ့အဖွဲ့အစည်း အတွင်း ပြန်လည်ဝင်ဆံ့ပေါင်းစည်းနိုင်ရေး မူးယစ်ပြန်လည် ထူထောင်ရေးစခန်းများသို့ ဝင်ရောက်လျက်ရှိသည်။ လူငယ် တို့ကိုဖျက်စီးမည့်  နယ်စပ်မှဝင်ရောက်လာသည့်    အသံ မထွက်လက်နက်များသည် လူငယ်ထုဖြစ်သော အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စိမ့်ဝင်ပျံ့နှံ့လျက်ရှိပြီဟု ဆိုရပေမည်။

ယခုရက်ပိုင်းအတွင်း သတင်းများတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများတွေ့မြင်နေရသည်။ ရှမ်းပြည်နယ်(တောင် ပိုင်း)ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ် ၁၅ ဒသမ ၃ ဘီလီယံ ကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်ဖက်တမင်း)တစ်တန်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရသည်။ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၉ ရက် မွန်းလွဲပိုင်းက  ရှမ်းပြည် (တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်      တာကော်တံတားပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကာလိဘက်မှ မိုင်းပျဉ်းဘက်သို့ စိုင်းဖြိုးဝေသန့် (ခ) အိုက်လျန်မောင်းနှင်ပြီး စိုင်းအိုက်မွန်း လိုက်ပါလာသည့်    UD Trucks   ၁၂ ဘီး မော်တော်ယာဉ်ပေါ်မှ အိုက်စ်(မက်သ်ဖက်တမင်း) ၁ ဒသမ ၀၉၆ တန်ဖမ်းဆီးရမိခဲ့သည်။ ယင်းအိုက်စ်များကို ကွန်ဟိန်း မြို့နယ်မှ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်သည်။ 

အနာဂတ်မျိုးဆက်သစ်များ အညွန့်တလူလူဖြင့် ဆက်လက် ထွန်းတောက်စေရန်၊ လမ်းမှားသို့မရောက်စေရန် ကျွန်ုပ်တို့ အားလုံးဝိုင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ မူးယစ်ဆေးဝါး နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါးများကို တားဆီး၊ ရှာဖွေ၊ ဖမ်းဆီးနေသည်ကို   ပြည်သူတစ်ရပ်လုံးကလည်း ပူးပေါင်းကာကွယ်တိုက်ဖျက်ရေးတွင်     ပူးပေါင်းပါဝင်၍ အမျိုးရေးကိုယ်ခံစွမ်းအားကို ပိုမိုမြှင့်တင်ဆောင်ရွက်ကြစေ ချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ