ရန်ကုန် ဇွန် ၁၂
အင်းစိန်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်းသည် အင်းစိန်မြို့နယ် သာယာလှပသန့်ရှင်းသပ်ရပ်စေ ရေးနှင့် ပြည်သူအများအန္တရာယ်ကင်းစွာ သွားလာမှုအဆင်ပြေစေရေးအတွက် ဇွန် ၁၂ ရက်၊ နံနက်ပိုင်းက ဘုရင့်နောင်လမ်း (ရဲစခန်းလမ်းမှ မီးရထားသံလမ်းအထိ) အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ ဆောင်ရွက်နေသော လူသွားစင်္ကြံပလက်ဖောင်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့စဉ်။
(NWA)