ဇွန် ၁၂
အဝလွန်ခြင်းသည် ဒူးဆစ်လွဲခြင်းကိုဖြစ်စေနိုင်ပြီး ခြေထောက်ဖြတ်ပစ်ရနိုင်သည်အထိ ဆိုးရွားသည့် နောက်ဆက်တွဲပြဿနာများ ကြုံတွေ့ရနိုင်သည်။ အဝလွန်ခြင်းသည် နောက်ဆက်တွဲပြဿနာများကို ပိုဆိုးစေနိုင်သလို ငွေကုန်ကြေးကျလည်း ပိုးများစေသည်။
အဝလွန်သူများ ပိုမိုများပြားလာခြင်းနှင့်အတူ ဒူးဆစ်လွဲနှုန်းကလည်း ပိုမိုမြင့်မားလာနေခြင်းဖြစ်သည်။ ဒူအဆစ်လွဲခြင်းသည် အရွတ်များစုတ်ပြဲခြင်းကနေ ရရှိလာခြင်းဖြစ်ပြီး ကားအက်စီးဒင့်ဖြစ်ခြင်း၊ ဘောလုံးကန်ခြင်းကဲ့သို့ အားကစားများကြောင့် အဖြစ်များသည်။
လေ့လာမှုများအရ အဝလွန်ခြင်းသည် ဒူးဆစ်ရိုးလွဲခြင်းကို ပိုဆိုးစေနိုင်သလို ဆေးရုံတက်ရမည့်ရက်၊ ကုန်ကျစရိတ် စသည်တို့ကိုပါ ပိုမိုမြင့်မားလာစေကြောင်း ဆိုသည်။ အဆစ်လွဲခြင်းကနေ အဆစ်နောက်တွင်ရှိသည့် အဓိကသွေးလွတ်ကြောမကြီးကို ထိခိုက်နိုင်ခြေမှာလည်း သာမာန်လူများထက်စာရင် အဝလွန်သူများမှာ နှစ်ဆပိုမြင့်မားနေခြင်းဖြစ်သည်။
ထို့ကြောင့် အဝလွန်သူများအနေဖြင့် ဒူးခေါင်းနာကျင်မှုရှိလာပြီဆိုပါက ဂရုတစိုက်ကုသရန်လိုအပ်ပြီး သွေးကြောထိ၊ မထိကို သေချာစွာစစ်ဆေးသင့်ကြောင်း သုတေသီများက အကြံပြုထားသည်။
(သူရိန်)