နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စိမ်းလန်းကြည်လင်သန့်ရှင်းသပ်ရပ်ရေး ကြိုးပမ်းဆောင်ရွက်

*************

မြန်မာနိုင်ငံ၌ ခရီးသွားစရာနေရာများပေါများလှသည်။ လည်ပတ်လေ့လာစရာနေရာများ၊ အပန်းဖြေအနားယူစရာ နေရာများပေါများလှသည်။ ပွင့်လင်းရာသီတွင် ပြည်တွင်း၊ ပြည်ပခရီးသွားများ ပိုမိုလည်ပတ်သွားလာကြသည်။ 

ကိုဗစ်-၁၉ ကာလလွန်တွင် ခရီးသွားတို့ပိုမိုသွားလာနေ ကြသည်။ ရန်ကုန်မြို့တော်ကြီးတွင် ရှေးဟောင်းယဉ်ကျေးမှု လက်ရာအဆောက်အအုံများ၊ ဟောင်းနွမ်းအဆောက်အအုံ များ သန့်ရှင်းသပ်ရပ်ရေးနှင့် သစ်လွင်တောက်ပရေးအတွက်  လိုအပ်ပေသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း ရှေး ဟောင်းသာသနိကအဆောက်အအုံများ၊ နေအိမ်ခြံစည်းရိုး များ၊ အိမ်အမိုးများ၊ သန့်ရှင်းသပ်ရပ်ရေးနှင့် သစ်လွင်လှပ ရေးသည် မြို့တော်၏ပသာဒကို အားဖြည့်ပေးခြင်းပင်ဖြစ် သည်။ နေအိမ်ခြံစည်းရိုးများ အိမ်အမိုးများဆေးသုတ်ခြင်း၊ တွယ်ကပ်ပေါက်နေသည့်သစ်ပင်များ၊ ချုံနွယ်ပိတ်ပေါင်းများ ကို ရှင်းလင်းရန်လိုအပ်သည်။ ရန်ကုန်မြို့သည် မိမိတို့နိုင်ငံ တွင် စီးပွားရေးအချက်အခြာမြို့ဖြစ်သည့်အပြင် နိုင်ငံတကာ ဧည့်သည်များ ဝင်ထွက်သွားလာရာ မြို့လည်းဖြစ်သည်။ 

ရန်ကုန်မြို့တော်ဝန်   ဦးဗိုလ်ဌေး   ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင်နှင့် ဌာနမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်   (၂၆/၂၀၂၂) ကို အောက်တိုဘာ ၂၄ ရက်က မြို့တော်ခန်းမ၌ကျင်းပပြုလုပ် ရာတွင်  ရုံးအဆောက်အဦနှင့်  နေအိမ်ခြံဝင်းများ သန့်ရှင်း သာယာသပ်ရပ်ရေးအသိပေးနှိုးဆော်ရန် ထည့်သွင်းပြောကြား ခဲ့သည်။ 

ယခုအခါ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ (၂၀၁၈ ခုနှစ်) ပြဌာန်းချက်နှင့် အညီ မြို့တော်သူမြို့တော်သားများအနေဖြင့် လမ်းမများနှင့် မျက်နှာစာများရှိ  မိမိတို့၏ ခြံစည်းရိုးများ၊  နေအိမ်များ၊ အဆောက်အအုံနံရံနှင့် ခြံဝင်းအတွင်းရှိ ချုံနွယ်ပိတ်ပေါင်း များအား သန့်ရှင်းသပ်ရပ်အောင် ရှင်းလင်းဆောင်ရွက်ပေး ကြရန်၊ အမြင်မတင့်တယ်သည့်ခြံစည်းရိုးများရှိပါက အမြင် တင့်တယ်အောင် သန့်ရှင်းဆောင်ရွက်ပေးရန်နှင့် လိုအပ်ပါက ဆေးသုတ်မွမ်းမံပေးကြရန်   ခရိုင်စည်ပင်သာယာအုပ်ချုပ် ရေးမှူးများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ခရိုင်မြို့နယ်များအလိုက် နှိုးဆော်လျက်ရှိသည်။

ရန်ကုန်မြို့ကြီး သန့်ရှင်းသပ်ရပ်လှပရေး၊ မြို့တော်နေ    ပြည်သူများဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့်  သာယာ   စိမ်းလန်းကြည်လင်သော   မြို့တော်ဖြစ်စေရေးအတွက် အထောက်အကူပြုစေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ