နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝဘေးအန္တရာယ်ကင်းရှင်းရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေး အဖြစ်များနေသောကာလဖြစ်သည်။ လူ့ပယောဂကြောင့်ဖြစ် သောဘေးများကို မဖြစ်ပေါ်အောင်တားဆီး၍ ရကောင်း ရမည်ဖြစ်သော်လည်း သဘာဝပယောဂကြောင့်ဖြစ်သော ဘေးများကိုတားဆီး၍ ရနိုင်မည်မဟုတ်ပေ။

သဘာဝဘေးအန္တရာယ်သည် နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက် မပြတ်တိုးတက်ရေးကို အဟန့်အတားဖြစ်စေသည့် အဓိက စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ သဘာဝပယောဂကြောင့် ဘေး များအဖြစ်များလာပြီး   ဘေးကြောင့် လူ့အသက်အိုးအိမ် စည်းစိမ်များ၊ အခြေခံအဆောက်အအုံနှင့် သဘာဝပတ်ဝန်း ကျင်ကို ပျက်စီးဆုံးရှုံးမှုများလည်း ပိုမိုများပြားလာလျက်ရှိ သည်။

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို ကမ္ဘာ့ နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း တိုင်းဒေသကြီးမှ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အထိ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့များ၊ ကော်မတီများဖွဲ့ကာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ 

ယနေ့မြန်မာစံတော်ချိန် ၅ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာ ချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော  ဆိုင်ကလုန်း မုန်တိုင်းစီတရန်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်သတ်မှတ်ထား ကြောင်း မိုးလေဝသနှင့်ဇလဗေဒဌာနက သတိပေးထားသည်။ 

ယင်းဆိုင်ကလုန်းမုန်တိုင်း   စီတရန်၏ အရှိန်ကြောင့် အောက်တိုဘာ ၂၄ ရက်မှ ၂၆ ရက်အတွင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်ပြီး၊ အချို့ဒေသ များတွင် ဒေသအလိုက်နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ် နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။ 

ဆိုင်ကလုန်းမုန်တိုင်း စီတရန်၏အရှိန်ကြောင့် လေပြင်း တိုက်ခတ်ခြင်းနှင့်အတူ  မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လျှပ်တပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနေထိုင်ကြရန်လိုအပ်ပေသည်။ သဘာဝ ဘေးအန္တရာယ်များအနက်  မုန်တိုင်းနှင့် ဆူနာမီရေလှိုင်းတို့ ကဲ့သို့ သဘာဝဘေးများကို ကြိုတင်ခန့်မှန်းတွက်ချက်နိုင် သဖြင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုနည်းနိုင်သမျှနည်းပါးအောင် ကာကွယ်နိုင်မည်ဖြစ်သည်။ 

သို့ဖြစ်ရာ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်သောသတိပေးနှိုးဆော်ချက်များကို အလေးထား သတိပြုစေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ