နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျိုးသားတစ်ဦးက အိမ်ရာမဲ့လူရှစ်ဦးကို ငရုတ်ရည်ထက် ၂ ဆ ပိုပြင်းသည့်ပစ္စည်းဖြင့် အဆိပ်ခတ်

ဝါရှင်တန်၊ ဇွန် ၁၂


အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ အမျိုးသားတစ်ဦးမှာ အိမ်ရာမဲ့ လူရှစ်ဦးကို ငရုတ်ရည်ထက် ၂ ဆ ပိုပြင်းသည့်ပစ္စည်းဖြင့် အဆိပ်ခတ်ခဲ့သည်ဟု စွဲချက်တင်ခံထားရသည်။ အသက် ၃၈ နှစ်ရှိသည့် ရောဘတ်ကေဘယ်မှာ ပြီးခဲ့သည့်မေလက ကယ်လီဖိုးနီးယားပြည်နယ်တွင် အိုလီယိုရီဆင်ကပ်ဆီကမ် သုတ်လိမ်းထားသည့် အစားအစာများကို အနည်းဆုံးလူရှစ်ဦးအား ကျွေးခဲ့ပြီး ယင်းတို့ဝေဒနာခံစားနေရပုံကို ရုပ်သံမှတ်တမ်း ရိုက်ကူးခဲ့သည်ဟု စွပ်စွဲခံထားရသည်။


ယင်းဖြစ်ရပ်တွင် လူတော်တော်များများ ဆေးရုံရောက်ခဲ့သည်ဟု အာဏာပိုင်များက ဆိုသည်။ ယင်းအနေဖြင့် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခံရမည်ဖြစ်သည်။ အဆိပ်ခတ်မှု ရှစ်ခုဖြင့် စွဲချက်တင်ခံထားရသည့် ရောဘတ်ကေဘယ်ကို ပြီးခဲ့သည့်လက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အာမခံကြေး အမေရိကန်ဒေါ်လာ ၅၀၀၀၀၀ သတ်မှတ်ထားသည်။             

                                      

(KNT)






အခြားဆက်စပ်သတင်းများ