နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသက်ရှည် အနာမဲ့ရေး

*******

အဘိုး၊ အဘွား၊ မိခင်၊ ဖခင်များနှင့် သားသမီး မြေးမြစ် များ အတူတကွ ချစ်ချစ်ခင်ခင်နေထိုင်ခြင်း၊ အဘိုး၊ အဘွား၊ မိဘတို့ကို သား၊ သမီး၊ မြေး၊ မြစ်များက ရိုလေလေးစား ခြင်း၊ ဦးထိပ်ပန်ဆင်ခြင်း၊ ကျေးဇူးဆပ်ခြင်း၊ ပြန်လည်ပြုစု စောင့်ရှောက်ခြင်းစသည့် ဓလေ့စရိုက်များသည် မြန်မာတို့၏ မယိုင်မလဲ၊ ခိုင်မြဲလျက်ရှိသော ဓလေ့စရိုက်ပင်ဖြစ်သည်။

မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံဖြစ်သော လက်ရည်တပြင် တည်း နေထိုင်ကြသည့် မိသားစုပုံသဏ္ဌာန်မပျက်ယွင်း ရန် ထိန်းသိမ်းစောင့်ရှောက်ကြရမည် ဖြစ်သည်။ ထိုကဲ့သို့               ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် သက်ရှည်ကျန်းမာစွာ အနာရောဂါကင်းရှင်းရေး သတိပြုနေထိုင်ခြင်းသည် အဓိက ကျသည်။

လူတစ်ဦးတစ်ယောက် ရောဂါဖြစ်ရခြင်းအကြောင်းအရင်း ကို ဆန်းစစ်သော် အစားအသောက်ကြောင့် ရောဂါဖြစ်ရခြင်း၊ ကူးစက်ရောဂါများကြောင့် ရောဂါဖြစ်ရခြင်း၊ ကိုယ်လက် လှုပ်ရှားမှုနည်းခြင်းစသည့် အချက်သုံးချက်ပင်ဖြစ်သည်။

အစားအသောက်များကို အလွန်အကျွံစားသောက်ခြင်း၊ အဆီ၊ အဆိမ့်၊ အချို၊ အငန်များသော အစားအစာများကို စားသောက်ခြင်း၊ လူ၏ခန္ဓာကိုယ်အာဟာရမျှတစွာ မှန်ကန် စွာ ဖြည့်တင်းပေးပါက ကျန်းမာခြင်းကိုဖြစ်ပေါ်စေသည်။

ရာသီဥတုအပြောင်းအလဲတွင် ကူးစက်တတ်သောရောဂါ များ ကူးစက်ခံရခြင်းကြောင့် နာမကျန်းဖြစ်ရခြင်း ဖြစ်ပေါ် လာနိုင်၏။ တစ်ဖန် အထိုင်များခြင်း၊ အအိပ်များခြင်းကြောင့် လူကို ဝဖြိုးစေနိုင်သည်။ ကိုယ်လက်လှုပ်ရှားမှု နည်းပါးလျှင် ခန္ဓာကိုယ်ဝဖြိုးလာပြီး အဝလွန်ခြင်းသို့ရောက်ရှိလာနိုင်ပေ ရာ ကိုယ်လက်လှုပ်ရှားမှု အားကစားပြုလုပ်ခြင်းဖြင့် ပိုလျှံ သော ကယ်လိုရီများ ဖယ်ရှားပစ်နိုင်၍ ကျန်းမာခြင်းကို အထောက်အပံ့ဖြစ်နိုင်ပေသည်။

ကျန်းမာ‌၍ အသက်ရှည်အနာမဲ့စေလိုလျှင် ဖော်ပြပါ အချက် သုံးချက်ကို သတိပြုလိုက်နာ ဆောင်ရွက်ခြင်းဖြင့် မိသားစုလက်ရည်တပြင်တည်း နေထိုင်ပြုစု စောင့်ရှောက် ရိုင်းပင်းကူညီသည့်  မြန်မာ့ဓလေ့  မိသားစုပုံသဏ္ဌာန်ကို ဆောင်ကြဉ်းသွားနိုင်မည်ဟု ဆိုချင်ပါကြောင်း။       ။






အခြားဆက်စပ်သတင်းများ