နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တူနီးရှားနိုင်ငံတွင် Lockdown လုပ်မှုကို လိုက်နာကြစေရန် ရဲစက်ရုပ်ကို ကင်းလှည့်ခိုင်းထား

ဧပြီ ၄၊ တူးနစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးရန် အသွားအလာပိတ်ဆို့ထားခြင်းကို လူအများ လိုက်နာစေရန်အတွက် တူနီးရှားနိုင်ငံမြို့တော် တူးနစ်မြို့တွင် ရဲစက်ရုပ်တစ်ခုကို ကင်းလှည့်ခိုင်းထားသည်။ လူအသွားအလာ ရှင်းနေသည့် လမ်းများပေါ်တွင် လမ်းလျှောက်နေသူ တစ်ဦးကို တွေ့ပါက ရဲစက်ရုပ်က အနားကပ်သွားပြီး မည်သည့်အတွက်ကြောင့် အိမ်ပြင်ထွက်လာသနည်းဟု မေးမြန်းမည်ဖြစ်သည်။ အိမ်ပြင်ထွက်လာသူများအနေဖြင့် ယင်းတို့၏ သက်သေခံကတ်ပြားများနှင့် စာရွက်စာတမ်းများကို ရဲစက်ရုပ်၏ ကင်မရာရှေ့တွင် ပြသရမည်ဖြစ်ပြီး ရဲစက်ရုပ်ကို ထိန်းချုပ်နေသည့် အရာရှိများက စစ်ဆေးမည်ဖြစ်သည်။ တူနီးရှားနိုင်ငံတွင် COVID-19 ကူးစက်ပျံ့နှံ့မှုကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ရာ COVID-19 ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် နိုင်ငံတစ်ဝန်း ရက်သတ္တနှစ်ပတ်ဆက်တိုက် ပိတ်ဆို့ထားသည်။ တူနီးရှားနိုင်ငံသားအားလုံး အိမ်ထဲတွင်သာ နေထိုင်ရမည်ဖြစ်သော်လည်း ကျန်းမာရေးကိစ္စ သို့မဟုတ် မရှိမဖြစ် လိုအပ်သောပစ္စည်းများ ဝယ်ယူရန်အတွက် အိမ်ပြင်ထွက်ခွင့်ရှိသည်။ တူနီးရှားနိုင်ငံတွင် ပြည်တွင်းဖြစ် စောင့်ကြည့်ရေးစက်ရုပ်(PGuards)မည်မျှကို ပြည်ထဲရေးဝန်ကြီးဌာနက ကင်းလှည့်ရန် ဖြန့်ကြက်ထားကြောင်း တိတိကျကျ မသိရသေးပေ။ တူနီးရှားနိုင်ငံတွင် COVID-19 ကူးစက်ခံထားရသူ ၄၃၆ ဦး ရှိနေသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ