နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကန်စွန်းရွက်စားသုံးပေးခြင်းဖြင့် အသားအရေကို လှပစေနိုင်

ဇွန်  ၁၂


ကန်စွန်းရွက်သည် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေရုံသာမက အသားအရေကိုလည်း လှပသန့်ရှင်း စေနိုင်ကြောင်း သိရသည်။
ဝက်ခြံ၊ တင်းတိပ်၊ အမည်းစက်များနှင့် မျက်နှာအသားအရေ အရောင်မညီဖြစ်ခြင်းများအတွက် ကန်စွန်းရွက်ကို ကြိတ်ပြီး ယင်းအရည်တစ်မျိုးတည်း လိမ်းပေးခြင်းဖြင့် သက်သာလာစေနိုင်သည်။ ကန်စွန်းရွက်ရည် စားပွဲတင် ဇွန်း ၄ ဇွန်းကို ပျားရည်တစ်ဇွန်းနှင့် သမအောင်မွှေကာ ခန္ဓာကိုယ်ကို နေ့/ည ပုံမှန်လိမ်းပေးခြင်းဖြင့်လည်း အသားအရေကို ဝင်းလက်စိုပြေလာစေနိုင်သည်။


ဆံပင်မသန်၍ စိတ်ညစ်နေသူများအတွက် ကန်စွန်းရွက်အရည်ကိုညှစ်ပြီး ဦးရေပြားထဲစိမ့်ဝင်အောင် နှိပ်နယ် ပေးခြင်းဖြင့် ဆံကေသာကို အရှည်မြန်စေမည်ဖြစ်သည့်အပြင် ဗောက်များကိုလည်း ကင်းစင်စေသည်။


မီးဟပ် ခြင်းနှင့် မီးလောင်ဒဏ်ရာများအတွက် ကန်စွန်းရွက်အရည်ကို သကြားနှင့်ရောစပ်ကာလိမ်းပေးခြင်းဖြင့် အပူ လောင်ခြင်းကို သက်သာစေကာ အမာရွတ်မကျန် ပျောက်ကင်းစေနိုင်သည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ