နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မျက်မမြင်ဘဝ ကာကွယ်စောင့်ရှောက်ရေး ကြိုးပမ်းဆောင်ရွက်

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်သည့် ကမ္ဘာ့မျက်မမြင်ပ‌ပျောက်ရေးနေ့ အထိမ်း အမှတ် ကွင်းဆင်း မျက်စိကုသပေးခြင်းကို နေပြည်တော် နယ်မြေ၊  လယ်ဝေးမြို့နယ် သာဝတ္ထိတိုက်နယ်ဆေးရုံတွင် အောက်တိုဘာ ၂၀ ရက်က လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့၊ ပဲခူးတိုင်းဒေသကြီး  ပဲခူးမြို့၊ မန္တလေးတိုင်း ဒေသကြီး စဉ့်ကိုင်မြို့တို့တွင်  အောက်တိုဘာလ  ဒုတိယပတ်နှင့် တတိယပတ်များတွင် မျက်စိရောဂါဝေဒနာရှင် လူနာများကို      မျက်စိရောဂါ အထူးကုဆရာဝန်ကြီးများက မျက်စိရောဂါ စမ်းသပ် စစ်ဆေးကုသခြင်း၊ မျက်စိရောဂါဝေဒနာရှင် လူနာများကို မျက်မှန်များ တပ်ဆင်ပေးခြင်း၊ ရောဂါနှင့်ပတ်သက်သည့်ဆေးဝါး များ ထောက်ပံ့ပေးခြင်း၊ လူနာများကို တွေ့ဆုံအားပေးစကား ပြောခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် မျက်စိကွယ်ရခြင်းအကြောင်းအရင်း များစွာ ရှိသည့်အနက် အသက်အရွယ်ကြီးလာသည့်အခါ ဖြစ်ပွားမှုများပြား နိုင်သည့် အတွင်းတိမ်ရောဂါ၊ ဆီးချို၊ သွေးတိုးရောဂါများ၏ နောက်ဆက်တွဲ မျက်စိရောဂါများ ဖြစ်ပွားမှုများသည်ကို တွေ့ရှိရ သည်။

ယနေ့တိုးတက်နေသော နည်းပညာများအရ မျက်စိအမြင် ချို့တဲ့သူ ၈၀ ရာခိုင်နှုန်းသည် ကာကွယ်ကုသ၍ရသော မျက်စိရောဂါ များဖြစ်နေသည်ကို တွေ့ရသည်။ မျက်စိအမြင်အာရုံ ချို့ယွင်းမှု ၉၀ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ နေထိုင်လျက်ရှိ၏။ မျက်စိနှင့် ပတ်သက်သည့် ကာကွယ်ခြင်း၊ ကုသခြင်း ဗဟုသုတ နည်းပါးလျက်ရှိ၏။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၀ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပေးအပ်ချီးမြှင့်သည့် "မြန်မာနိုင်ငံ             တွင် မျက်ခမ်းစပ်ရောဂါကင်းစင်ကြောင်း အသိအမှတ်ပြု ဂုဏ်ပြု မှတ်တမ်းလွှာ"ကို ရရှိခဲ့ပြီးဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေး စီမံကိန်းဌာနများနှင့် ကုသရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံကြီးများနှင့် မျက်စိကုဌာန များတွင် အတွင်းတိမ် အခမဲ့ခွဲစိတ်ကုသမှုခံယူနိုင်ရန် စီစဉ် ဆောင်ရွက်ထားရှိခြင်း၊ ဆီးချို၊ သွေးတိုးရောဂါသည်များ၏ အမြင် အာရုံ မထိခိုက်စေရန် ကုသပေးခြင်းနှင့် မျက်စိကျန်းမာရေး ပညာ ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ လိုအပ်သည့်ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ မျက်စိရောဂါ စမ်းသပ်စစ်ဆေး ကုသပေးနိုင်မည့် ခေတ်မီဆေးပစ္စည်းကိရိယာများကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဖြည့်တင်းပေးလျက်ရှိသည်။

မိဘပြည်သူများအနေဖြင့် မျက်စိနှင့် ပတ်သက်သည့်‌ရောဂါ ဝေဒနာများ ခံစားရပါက နီးစပ်ရာ မျက်ခမ်းစပ်နှင့် မျက်မမြင် ကာကွယ်ရေးစီမံကိန်းဌာနများနှင့် ကျန်းမာရေးဌာနများသို့ လည်းကောင်း၊ ပြည်သူ့ဆေးရုံများနှင့် မျက်စိအထူးကုဆေးရုံကြီး များ၏ ပြင်ပလူနာဌာနများသို့ သွားရောက်ပြသ၍ အခမဲ့ကုသမှု  ခံယူနိုင်ရာ မျက်စိဝေဒနာရှင်များအတွက် အားတက်ဖွယ်ပင် ဖြစ်ပါကြောင်း။        ။






အခြားဆက်စပ်သတင်းများ