နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောင်းနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး ကျောင်းများ အားလုံးပါဝင်ပေး

ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာကဏ္ဍ ပညာ ရည်မြင့်မားရေး လုပ်ငန်းများကို တိုးမြှင့်အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်ရာတွင် ပညာသင်နှစ်အလိုက် အခြေခံပညာကျောင်းအားလုံးတွင် ပညာရေးဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြက္ခဒိန်ရေးဆွဲသတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာ နောက်ဆုံးရက်သတ္တပတ် စနေနေ့ကို ကျောင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးနေ့အဖြစ် သတ်မှတ်ထားသည်။ ယင်းနေ့တွင် နိုင်ငံတစ်ဝန်းရှိ အခြေခံ ပညာကျောင်းအလိုက် ကျောင်းအုပ်ကြီးများ၏ ဦးဆောင်မှု ဖြင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ       က ကျောင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို ပူးပေါင်းပါဝင် ဆောင်ရွက်ကြသည်။

ကျောင်းသား၊ ကျောင်းသူလူငယ်များသည် ပညာသင်ယူ ရာ ကျောင်းများ၌ စိတ်လက်ပျော်ရွှင်ချမ်းမြေ့စွာ မိမိတို့၏ သင်ခန်းစာများကို လေ့လာသင်ယူနိုင်ရေးအတွက် ကျောင်း နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးမှာ အထူးအရေးပါသည်။

အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကျောင်းတွင်း၊ ကျောင်းပြင်ပရှိ အမှိုက်များ ရှင်းလင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းများ၊ လက်ဆေးသည့် လှုပ်ရှားမှုများ တစ်ပေါင်းတည်း ဆောင်ရွက်ကြပေသည်။

ထို့အပြင် စာသင်ခန်းများတွင် အလင်းရောင်လုံလောက် စွာ ရရှိရေး၊ ကျောင်းတွင်း၊ ကျောင်းပြင် ခြင်ဆေးမှုတ်ခြင်း၊ သောက်ရေလှောင်ကန်များတွင် ခြင်မပေါက်ပွားစေရန် ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းများကို မိဘ၊ ဆရာ များ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ကျောင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုသည် ကျောင်းသား လူငယ်များ၏ ကျန်းမာရေးကိုအထောက်အကူပြုခြင်း ကြောင့်လည်း ကျန်းမာရွှင်လန်းသော ကျောင်းသား၊ ကျောင်းသူများက ပညာသင်ယူရေးကို စိတ်ရောကိုယ်ပါ ရွှင်လန်းတက်ကြွစွာ လုပ်ဆောင်ကြရမည်ဖြစ်ရာ ကျောင်း အားလုံးတက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း။      ။






အခြားဆက်စပ်သတင်းများ