နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သုံးခွမြို့နယ်တွင် မူလတန်းအဆင့်(Grade 4)သင်ရိုးသစ် On Line နည်းပြသင်တန်းပို့ချ ဆွေးနွေး

ရန်ကုန်    ဇွန်   ၁၂


ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့ အ-ထ-က(၁)ခန်းမဆောင်တွင် မူလတန်းအဆင့်(Grade 4) စတုတ္ထတန်းသင်ရိုးသစ် Online နည်းပြသင်တန်းကို ဇွန် ၁၂ ရက်၊ နံနက် ၈ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းမြင့်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်လှနှင့် ဒေါ်ခိုင်နွယ်ထွန်းတို့က သင်တန်းစည်းမျဉ်း စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူ ၁၂၄ ဦးတို့အား အခြေခံပညာဦးစီးဌာန၊ နေပြည်တော်မှတိုက်ရိုက် Grade 4  OnLine ToT Training Schedule အတိုင်း ဘာသာရပ် ၁၀ မျိုးကို သင်တန်းပို့ချပေးပြီးပြန်လည် ဆွေးနွေးကြကြောင်း သိရှိရသည်။

အဆိုပါ သင်တန်းကို နှစ်ရက်သင်တန်းပို့ချပေးပြီးတက်ရောက်ပြီးသော သင်တန်းသား၊ သင်တန်းသူ ၁၂၄ ဦးတို့ကနည်းပြအဖြစ် ဇွန် ၁၅ ရက်မှ ၂၁ ရက်အထိတစ်ပတ်ကြာမြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမ ၆၀၁ ဦးအားဆင့်ပွားသင်တန်းပြန်လည်ပို့ချပေးမည်ဟု သိရှိရသည်။                                                       


ကိုကျော်-သုံးခွ






အခြားဆက်စပ်သတင်းများ