နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျာမနီသို့ ပေးပို့ခဲ့သည့် နှာခေါင်းစည်း ၂၀၀၀၀၀ ကို အမေရိကန်နိုင်ငံက လမ်းခုလတ်တွင် ကြားဖြတ်ရယူခဲ့ဟု စွပ်စွဲခံထားရ

ဧပြီ ၁၊ ဘာလင် ဂျာမနီနိုင်ငံသို့ ပေးပို့ခဲ့သည့် နှာခေါင်းစည်း ၂၀၀၀၀၀ ကို အမေရိကန်နိုင်ငံက လမ်းခုလတ်တွင် ကြားဖြတ်ရယူခဲ့သည်ဟု စွပ်စွဲခံထားရပြီး အဆိုပါလုပ်ရပ်ကြောင့် မျက်မှောက်ခေတ်ပင်လယ်ဓားပြမှုဟု ရှုတ်ချခံထားရသည်။ အမေရိကန်ကုမ္ပဏီတစ်ခုက ထုတ်လုပ်သည့် နှာခေါင်းစည်းများကို ဗန်ကောက်မြို့တွင် သိမ်းဆည်းခံခဲ့ရခြင်းဟု ဘာလင်မြို့ ဒေသအစိုးရအဖွဲ့က ပြောသည်။ ဘာလင်ရဲတပ်ဖွဲ့က မှာယူထားသည့် FFP2 နှာခေါင်းစည်းများမှာ မှာယူသူထံသို့ ရောက်မလာခဲ့ကြောင်း ဒေသအစိုးရအဖွဲ့က ဆိုသည်။ အဆိုပါနှာခေါင်းစည်းများကို အမေရိကန်နိုင်ငံသို့ ပြန်လည်သယ်ဆောင်သွားခြင်းဖြစ်ဖွယ်ရှိသည်ဟု ဘာလင်မြို့ ပြည်ထဲရေးဝန်ကြီး အန်ဒရီဂီဆယ်က ပြောသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အသက်သွင်းခဲ့သည့် ကိုရီးယားစစ်ပွဲကာလဥပဒေအရ နှာခေါင်းစည်းများ ထုတ်လုပ်သည့် 3M ကုမ္ပဏီအနေဖြင့် ဆေးဘက်ဆိုင်ရာ ထုတ်ကုန်ပစ္စည်းများကို အခြားနိုင်ငံများသို့ တင်ပို့ခွင့် တားမြစ်ခံထားရသည်။ ပြည်တွင်းဝယ်လိုအားနဲ့ ကိုက်ညီမှုရှိစေရန်အတွက် အမေရိကန်လုပ်ငန်းစုများအနေဖြင့် ကျန်းမာရေးအထောက်အကူပစ္စည်းများ ပိုမိုထုတ်လုပ်ပေးရန် တောင်းဆိုသည့် ကာကွယ်ရေးဆိုင်ရာ ထုတ်လုပ်ရေးအက်ဥပဒေကို အသုံးပြုနေကြောင်း ပြီးခဲ့သည့်သောကြာနေ့တွင် ဒေါ်နယ်ထရမ့်က ပြောသည်။ “ ကျွန်တော်တို့ ဒီပစ္စည်းတွေကို ပြည်တွင်းမှာ အသုံးပြုဖို့ အရေးတကြီးလိုအပ်နေတယ်။ ဒီပစ္စည်းတွေရဖို့ လိုတယ်’’ဟု ဒေါ်နယ်ထရမ့်က ဆိုသည်။ အမေရိကန်အာဏာပိုင်များက N95 နှာခေါင်းစည်း ၂၀၀၀၀၀၊ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း ၁၃၀၀၀၀၊ လက်အိတ် ၆၀၀၀၀၀ နီးပါးကို သိမ်းဆည်းရရှိခဲ့သည်ဟု ဒေါ်နယ်ထရမ့်က ပြောသည်။ သို့သော် အဆိုပါပစ္စည်းများကို မည်သည့်နေရာမှ ရယူခဲ့သည်ဆိုခြင်းကို ထုတ်မပြောခဲ့ပေ။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ