ရန်ကုန် ဇွန် ၁၁ ရက်
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်နှင့် သပြေကုန်းရပ်ကွက်တို့ကို ဆက်သွယ်ထားသည့် ဦးမြတ်စံလမ်း၌ ရပ်ကွက်နေပြည်သူများ Masks တပ်ဆင်ရန် အသိပညာပေးခြင်း၊ တရားမဝင်ဆိုင်ခန်းများ ကျူးကျော်ဆောက်လုပ်ခြင်းတို့ကို ပြန်လည်ဖျက်သိမ်းရန် အသိပေးရှင်းလင်းခြင်း၊ ကန်တော်ကလေး(အရှေ့ပိုင်း)နှင့် ကန်တော်ကလေး(တောင်ပိုင်း)ရပ်ကွက်တို့၌ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုတို့ကို ဇွန် ၁၁ ရက် နံနက် ၉ နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနှင့်အတူ မြို့နယ်စည်ပင်သာယာရေးကော်တီဝင်များ၊ စည်ပင်လုပ်ငန်းတာဝန်ခံများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကွင်းဆင်းစစ်ဆေးခဲ့ကြစဉ်။
(NWA)