ဇွန် ၁၁ ရက်
COVID-19 ကာလအတွင်း ဖုန်းမိတ်ဆက်မှုနှင့် နည်းပညာပွဲအများစုကို အွန်လိုင်းမှကျင်းပလာရာ Samsung ၏ Galaxy Unpack ပွဲကိုလည်း Virtual အဖြစ် ကျင်းပသွားရန်စီစဉ်လျက်ရှိကြောင်း သိရသည်။ CNET သတင်းအရ Galaxy စီးရီး Samsung ဖုန်းသစ်များဖြစ်သည့် Galaxy Note ၊ Galaxy Fold နှင့် 5G ဗားရှင်း Galaxy Z Flip ဗားရှင်းသစ်တို့ကို လာမည့် ဩဂုတ်လ ၅ ရက်တွင် ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။
ယခုနှစ်ထဲတွင် Samsung သည် Galaxy Note 20 စီးရီး ၊ Galaxy Fold 2 နှင့် Galaxy Z Flip 5G တို့ကို မိတ်ဆက်သွားမည်ဖြစ်သည်။ Front Page Tech မှ ဂျွန်ပရော့ဆာ၏ Tweet တွင် ထိုဖုန်းများကို ဩဂုတ်လ ၂၀ ရက်တွင် ရောင်းချသွားမည်ဖြစ်ကြောင်း ပြောထားသော်လည်း Samsung ကုမ္ပဏီဘက်က ထိုသတင်းများကို မှတ်ချက်ပြု ပြောကြားထားခြင်း မရှိသေးပေ။
Samsung က၂၀၂၀ ထွက် Galaxy Note 20 တို့ကို ဗားရှင်း ၃ မျိုးဖြင့်မိတ်ဆက်သွားရန်ရှိပြီး Galaxy Note 20 ၏ Screen Size မှာ ၆.၄ လက်မနှင့် ၆.၇ လက်မအကြားရှိနိုင်သည်။ Galaxy Note 20 Plus ၏ မျက်နှာပြင်သည် ၆.၉ လက်မ အရွယ်အစား ရှိနိုင်သည်။ Galaxy Note 20 Ultra ၏ မျက်နှာပြင်မှာ ၇ လက်မကျော်ရှိကြောင်း သိရသည်။
Galaxy Z Flip 5G ဗားရှင်းကိုလည်း Galaxy Note 20 lineup တို့နှင့်အတူ တစ်ရက်တည်းမိတ်ဆက်သွားရန်ရှိနေပြီး လက်ရှိထွက်ထားသည့် Galaxy Z Flip မော်ဒယ်သည် LTE support သာပါရှိပြီး Snapdragon 855 chipset အသုံးပြု ထားသည်။ 5G မော်ဒယ်တွင် base storage အနေဖြင့် 256GB မှစသုံးလာပြီး အညိုရောင်ကာလာသစ်လည်း ပါဝင်လာမည်ဖြစ်သည်။ Galaxy ဖုန်းသစ်များမိတ်ဆက်မှုနှင့်အတူ Watch 3 စမတ်နာရီကိုလည်း ကြေညာသွားရန် စီစဉ်ထားကြောင်း Samsung က ပြောထားသည်။
(WP)