နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယမကာသုံးစွဲမှု လျော့နည်းရေးကြိုးပမ်း

***********

မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံး မှုလျော့နည်းစေရေးအတွက် ဥပဒေအကြောင်းအရ ပညာ ပေးမြှင့်တင်ခြင်းများကို ကျန်းမာရေးဝန်ကြီးဌာနက အရှိန် မြှင့်တင်ဆောင်ရွက်လျှက်ရှိသည်။ ယခုအခါ နေထိုင်မှု ပုံစံပြောင်းလဲမှုကို အကြောင်းအမျိုးမျိုးပြု၍ အရက် သောက်သုံးသူများ ပိုမိုများပြားလာ၏။ အသက်ငယ် ရွယ်သူများအပြင် မိန်းကလေးများလည်း သောက်သုံးလာ ကြသည့်အတွက် ယမကာအန္တရာယ်သည် တစ်နေ့တခြား ကြီးမားလာသည်။

ယမကာအရက်ကို မသောက်ရ မနေနိုင်သည့် အရက်စွဲ ရောဂါခံစားနေရသူများတွင် အရက်အဆိပ်ကြောင့် ခန္ဓာကိုယ် ထဲရှိ အင်္ဂါအစိတ်အပိုင်းများ ပျက်စီးရပြီးနောက်ဆက်တွဲ ရောဂါပေါင်းစုံရရှိကာ အသည်းခြောက်ရောဂါခံစားရပြီး အသက်အန္တရာယ်ကို ဖြစ်စေသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်တမ်းများအရ ကမ္ဘာ ပေါ်တွင် လူဦးရေသန်း ၂၀၀ ကျော်သည် အရက်ကိုစွဲစွဲ မြဲမြဲသောက်သုံးကြောင်းနှင့် သန်း ၈၀ နီးပါးမှာ အရက် ယမကာကြောင့်ဖြစ်သော ဝေဒနာများ ခံစားနေရသည်ဟု လေ့လာတွေ့ရှိချက်ကို ထုတ်ပြန်ထားသည်။

ယမကာအရက်ကို မသောက်ရမနေနိုင်သည့် အရက် စွဲရောဂါခံစားနေရသူများတွင် အရက်အဆိပ်ကြောင့် ခန္ဓာ ကိုယ်ထဲရှိ အင်္ဂါအစိတ်အပိုင်းများပျက်စီးရပြီး နောက် ဆက်တွဲ ရောဂါပေါင်းစုံရရှိကာ အသည်းခြောက်ရောဂါခံ စားရပြီး အသက်အန္တရာယ်ဖြစ်စေပါသည်။

ပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်ရေး အတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သော အရက်ယမကာသောက်သုံးမှု လျော့နည်းကျဆင်းပြီး ကျန်းမာကြံ့ခိုင်သော လူမျိုးဖြစ်ရေး ကြိုးပမ်းဆောင်ရွက် ရာတွင် အရက်ယမကာသောက်သုံးမှု လျော့နည်းစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။

မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက် ဖျက်ရေး အထူးအဖွဲ့ကသတင်းအရ အောက်တိုဘာ ၁၄ ရက်တွင် ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်ရှိ ဂိုဒေါင်တစ်လုံးအတွင်း၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသော BUD BEER၊ MUHAK SOJU နှင့် SPY WINE (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၅၂၉,၄၄၀) ကိုလည်းကောင်း ချမ်းအေးသာစံမြို့နယ် ဟေမာဇလရပ်ကွက်ရှိ နေအိမ်အတွင်း၌ တရားဝင်စာရွက် စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသော DUNFIFE Blended Scotch Whisky နှင့် Fortant De France Skalli Wine များ (ခန့်မှန်းတန်ဖိုးကျပ် ၈၀၉၆၅၆၀၀) ကိုလည်းကောင်း စုစုပေါင်းတန်ဖိုး (ခန့်မှန်းကျပ် ၁၃၁၄၉၅၀၄၀) ကိုသိမ်း ဆည်းရမိပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထား သည်။ 

အရက်အဖျော်ယမကာသည်လူတို့ကို ကျန်းမာရေး ထိခိုက်စေခြင်းဖြင့် ကိုယ်ကျင့်သိက္ခာနှင့် ပြစ်မှုကျူးလွန်မှု များကို လွယ်ကူအလျင်အမြန်ဆုံးဖြစ်ပေါ်စေနိုင်သော ကြောင့် အရက်အန္တရာယ်ကို ဝိုင်းဝန်းကာကွယ်ပေးစေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ