နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယဉ်ကျေးမှုအစဉ်အလာမှသည်

**********

၂၀၂၂ ခုနှစ် ၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အောက်တိုဘာ ၁၁ ရက်မှ အောက်တိုဘာ ၁၈ ရက်အထိ နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၊ အမျိုးသား စာကြည့်တိုက်၊   အမျိုးသားပြတိုက်၊  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ      ယဉ်ကျေးမှုရတနာခန်းမနှင့် လေ့ကျင့်ရေးဇာတ်ရုံတို့၌ ကျင်းပလျက်ရှိသည်။

ကျွန်ုပ်တို့နိုင်ငံ၌ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများမှာ ရှေးအဆက်ဆက်ကတည်းက ဝင့်ကြွားထည်ဝါအားကောင်း ပြီး ဂုဏ်တင့်ဖွယ်ကောင်းလှပါသည်။ သာယာငြိမ့်ညောင်းဖွယ် သံစဉ်များကိုကြားရလျှင် စိတ်နှလုံးဘဝင်လွမ်းမောကြည်နူး စေသည်။ မြူးကြွသည့်သံစဉ်များကိုကြားရလျှင် တက်ကြွ လန်းဆန်းစိတ်ရွှင်လန်းမှုဖြစ်စေသည်။

မြန်မာတို့၏ပင်ကိုယ်စိတ်ဓာတ်၊ စရိုက်လက္ခဏာများအရ ရှေးအစဉ်အဆက်ကတည်းက မြန်မာတို့နှင့်လိုက်ဖက်တင့်တယ် သောအနုပညာသံစဉ်တေးသွားများရှိပြီးဖြစ်သည်။ ထို့အတူ ခေတ်ရေစီးကြောင်းနှင့် ပြောင်းလဲလာသောအခြေအနေများ  အရ   အနောက်တိုင်းတေးဂီတများလွှမ်းမိုးလာသည်မှာ သဘာဝကျပါသည်။ သို့သော် မြန်မာ့ဓလေ့ထုံးတမ်းအစဉ် အလာအနုပညာသံစဉ်များလည်း မပျောက်ကွယ်သင့်ပါ။

လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုကို ဖျက်ဆီးခြင်းသည် ထိုလူမျိုး အမျိုးသားဝိသေသလက္ခဏာကိုဖျက်ဆီးခြင်းပင် ဖြစ်သည်။ လူမျိုးကိုဖျက်ဆီးခြင်းပင်ဖြစ်သည်။ ထို့ကြောင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့်ယဉ်ကျေးမှုအနုပညာ များ မကွယ်ပျောက်စေရေးအတွက် ၂၃ ကြိမ်မြောက် မြန်မာရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ကျင်းပ လျက်ရှိသည့်  ဘိုးဘွားစဉ်ဆက် ကိုယ်ပိုင်ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသော အစဉ်အလာရှိခဲ့သည်။

ယဉ်ကျေးမှုဆိုလျှင် စား၊ ဝတ်၊ နေရေး အရေးသုံးပါးအစ စာပေ၊ ဘာသာစကား၊ အနုပညာစသည်တို့အကျုံးဝင်ပါသည်။ ထို့ကြောင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် အမျိုးသား ရေးယဉ်ကျေးမှုမကွယ်ပျောက်စေရေးအတွက် ကျင်းပလျက် ရှိသည့်  ၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးအား လှိုက်လှဲစွာဂုဏ်ယူကြိုဆိုပါ ကြောင်း ။






အခြားဆက်စပ်သတင်းများ