နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပါကစ္စတန်နိုင်ငံ၏ပြည်နယ်တစ်ခုတွင် သောကြာနေ့ဝတ်ပြုပွဲများ မတက်ရောက်စေရန် သုံးနာရီကြာကာလအတွင်း အိမ်ပြင်မထွက်ရအမိန့် ထုတ်ပြန်

ဧပြီ ၄၊ အစ္စလာမ်မာဘတ် ပါကစ္စတန်နိုင်ငံ၏ ဒုတိယအကြီးဆုံးပြည်နယ်တွင် လူများကို သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲများ မတက်ရောက်နိုင်စေရန် ရည်ရွယ်၍ သုံးနာရီကြာမြင့်သည့် အိမ်ပြင်မထွက်ရအမိန့် ထုတ်ပြန်ကြေညာခဲ့သည်။ ဆင်းဒ်ပြည်နယ်မှာ ပါကစ္စတန်နိုင်ငံတွင် မြို့ပြလူဦးရေအများဆုံးဖြစ်၍ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွင် အထိအနာဆုံး နေရာဖြစ်နေသည်။ ပြီးခဲ့သည့်သောကြာနေ့တွင် ပါကစ္စတန်အစိုးရက ဝတ်ပြုဆုတောင်းပွဲ မတက်ရောက်ရန် သတိပေးခဲ့ သော်လည်း လူအများအပြားက ဗလီများသို့သွားရောက်ပြီး ဝတ်ပြုခဲ့သည်။ ပါကစ္စတန်နိုင်ငံမှာ အာရှတောင်ပိုင်းနိုင်ငံများတွင် COVID-19 ကူးစက်ပျံ့နှံ့မှု အများဆုံးဖြစ်သည်။ မွတ်စလင်နိုင်ငံအများအပြားတွင် အမျိုးသားများအနေဖြင့် သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲသို့ မဖြစ်မနေ တက်ရောက်ကြလေ့ရှိသည်။ ဝတ်ပြုဆုတောင်းပွဲ တက်ရောက်သူများမှာ အများသုံး ကော်ဇောခင်းများပေါ်တွင် နီးနီးကပ်ကပ်ထိုင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး လက်ဆွဲနှုတ်ဆက်ခြင်းများ ပြုလုပ်လေ့ရှိသည်။ လွန်ခဲ့သည့်ရက်သတ္တနှစ်ပတ်ကတည်းက ဆစ်ဒ်ပြည်နယ်တွင် ပိတ်ဆို့မှုလုပ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ပိတ်ဆို့မှုလုပ်ခြင်းကြောင့် လူများအနေဖြင့် ဆာလောင်မွတ်သိပ်ပြီး သေဆုံးရလိမ့်မည်ဟု ပါကစ္စတန်ဝန်ကြီးချုပ် အိုင်မရန်ခန်းက လူသိရှင်ကြား ဆန့်ကျင်ကန့်ကွက်ခဲ့ဖူးသည်။ ဆစ်ဒ်ပြည်နယ်တွင် ယခုနောက်ဆုံး ထုတ်ပြန်ခဲ့သည့် စည်းမျဉ်းအရ မွန်းလွဲ ၁၂ နာရီမှ ၃ နာရီကြား သွားလာလှုပ်ရှားမှုအားလုံးကို ပိတ်ဆို့ပြီး ဈေးများအားလုံးကို လုံးဝပိတ်ထားမည်ဖြစ်သည်။ သို့သော် သမားရိုးကျ ပိတ်ဆို့မှုများနှင့်မတူဘဲ လိုအပ်သည့်လှုပ်ရှားမှုများ၊ မဖြစ်မနေလိုအပ်သည့် ဝန်ဆောင်မှုများကို ခွင့်ပြုပေးမည်ဖြစ်သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ