ရန်ကုန် ဇွန် ၁၀
မြန်မာနိုင်ငံဆိုင်ရာရုရှားနိုင်ငံသံရုံးမှရုရှားနိုင်ငံအမျိုးသားနေ့အထိမ်းအမှတ်အဖြစ်ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီသို့ အလှူငွေပေးအပ်ပွဲ အခမ်းအနားကိုဇွန်၁၁ရက်နံနက်၁၀နာရီကရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အစည်းအဝေးခန်းမ(၄)၌ကျင်းပသည်။
အခမ်းအနားတွင်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဌမြို့တော်ဝန်ဦးမောင်မောင်စိုးက ကျေးဇူးတင် စကားပြောကြားပြီးမြန်မာနိုင်ငံဆိုင်ရာရုရှား နိုင်ငံသံအမတ်ကြီးH. E . Dr. Nikolay Listopadov ကလှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ရှင်းလင်းပြောကြားသည်။
ထိုနောက်မြန်မာနိုင်ငံဆိုင်ရာရုရှားနိုင်ငံသံအမတ်ကြီးကရန်ကုန်မြို့တော်ဝန်ထံသို့အလှူ ငွေကျပ်တစ်ဆယ့်လေးသိန်း ပေးအပ်လှူဒါန်းရာ ရန်ကုန်မြို့တော်ဝန်က လက်ခံရယူပြီးဂုဏ်ပြု မှတ်တမ်းလွှာအားပြန်လည်ပေးအပ်သည်။ ယင်းနောက်အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများကအမှတ်တရဓာတ်ပုံစုပေါင်း ရိုက်ကြသည်။
အဆိုပါအခမ်းအနားသို့ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဌဒုတိယမြို့တော်ဝန် ဦးစိုးလွင် တွဲဖက်အတွင်းရေးမှူး ဦးသန်းနှင့်ကော်မတီဝင်များတက်ရောက်ခဲ့ကြောင်းသိရသည်။
အောင်မြင့်ဌေး(မြို့တော်သတင်း)