ရန်ကုန် ဇွန် ၁၁
တပ်မတော်နှင့် သက်ဆိုင်သောသတင်းမှန်များကို Facebook က တစ်ဆင့်အချိန်နှင့်တပြေးညီဖြန့်ဝေ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်းတပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကနေပြည်တော် အခြေစိုက် သတင်းထောက်များထံဇွန်လ(၈)ရက်နေ့ကအတည်ပြု ပြောကြား ခဲ့သည်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အဖွဲ့အမည်နှင့် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအမည်တို့ဖြင့် ဖွင့်ထားသောစာမျက်နှာနှစ်ခုကိုလွန်ခဲ့သည့် နှစ်ရက်ခန့်က စတင်အသုံးပြုနေခြင်းကိုတွေ့ရှိရပြီးတပ်မတော်နှင့် သက်ဆိုင်သောသတင်းများကိုအချိန်နှင့်တပြေးညီထုတ်ပြန်ပေးနေကြောင်းသိရသည်။
လတ်တလောကာလများတွင် သတင်းမှားများ၊ လုပ်ကြံသတင်းများFacebook စာမျက်နှာထက်တွင် ပျံ့နှံ့နေခြင်းကြောင့် သတင်းစီးဆင်းမှု မှန်ကန်မြန်ဆန်စေရန်ဆိုပြီးတပ်မတော်နှင့် သက်ဆိုင်သောသတင်းများကိုမှန်ကန်တိကျစွာသိရှိစေရန်အတွက် လူမှုကွန်ရက် Facebook စာမျက်နှာထက်မှ ထုတ်ပြန်ပေးနေခြင်းဖြစ် ကြောင်းသိရသည်။
မြင့်မြတ်အောင်မြင်