နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေး

*********

ကမ္ဘာကြီးသည် လွန်ခဲ့သောရာစုနှစ်များကထက်ပို၍ ပူနွေးလာသည်။ ဤသည်ကို အကြောင်းပြု၍ ဒေသအသီးသီး၏ ရာသီဥတုဖြစ်စဉ်များပြောင်းလဲလာသည်။ ရာသီဥတုပြောင်း လဲမှုဖြစ်စဉ်ကြီးသည် ကမ္ဘာတစ်ခွင်တွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်နေသည်ကို  အချိန်နှင့်တစ်ပြေးညီ တွေ့မြင်နေရ သည်။

၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း စံချိန်တင်အပူရှိန်မြင့်တက်ခြင်း၊   ရေကြီးခြင်း၊ အလွန်အမင်းမိုးခေါင်ခြင်း၊ တောမီးလောင်ခြင်း နှင့် ငလျင်လှုပ်ခြင်းအပါအဝင် ကမ္ဘာတစ်ဝန်းကပ်ဘေးများ ကြုံတွေ့ခဲ့ရသည်။ ကမ္ဘာ့နိုင်ငံများသည် ကမ္ဘာကြီးပူနွေးလာ မှုနှင့် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုတို့၏ဆိုးကျိုးသက် ရောက်မှုများကို တွေ့ကြုံခံစားနေရပြီဖြစ်သည်။ မြန်မာနိုင်ငံ တွင်လည်း  ဒေသအချို့၌ မိုးရေချိန်များထူးကဲစွာမိုးရွာသွန်း ခြင်းများကြုံတွေ့ခဲ့ရသည်။ 

ဒေသတစ်ခု လတစ်လ၏ မိုးရွာသွန်းမှုနည်းနေနိုင်သော် လည်း အချိန်တိုအတွင်း မိုးသည်းထန်စွာရွာသွန်းတတ်သည့် အချိန်အခါများ၌ မြစ်ချောင်းများတွင် ရုတ်တရက်ရေမြင့် တက်နိုင်ပြီး မြစ်ရေကြီးမှုများဖြစ်ပေါ်နိုင်သည်။ 

အောက်တိုဘာ ၁၃ ရက်ကို အပြည်ပြည်ဆိုင်ရာသဘာဝ ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားသည်။ သဘာဝဘေးအန္တရာယ် ဖြစ်စေသောအကြောင်းရင်းများထဲတွင် စီးပွားရေးနိမ့်ကျမှု၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက်   ရွေးချယ်ဆုံးဖြတ်မှုနှင့် အကောင်အထည်ဖော်မှု၊ သဘာဝပတ်ဝန်းကျင်အရည်အသွေး ကျဆင်းမှု၊ ဆင်းရဲမွဲတေမှုနှင့်  ရာသီဥတုပြောင်းလဲမှုတို့က အဓိကပါဝင်သည်။ 

အချို့သော သဘာဝဘေးအန္တရာယ်ကိုတားဆီး၍ မရနိုင် သော်လည်း ယင်းဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုနှင့် အကျိုးဆက်များကိုလျော့ပါးအောင် ကြိုတင်ပြင်ဆင်ခြင်းနှင့် ကာကွယ်ခြင်းတို့သည် အရေးပါသည်။ 

သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ    မြန်မာနိုင်ငံတွင်လည်း တိုင်းဒေသကြီးမှ   ပြည်နယ်၊   ခရိုင်၊  မြို့နယ်အဆင့်အထိ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့များ၊ ကော်မတီများဖွဲ့စည်းကာ  စီမံဆောင်ရွက်ထားပေသည်။ 

သဘာဝဘေးကြောင့် ထိခိုက်နစ်နာမှုလျော့ပါးသက်သာ ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီက    ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများကို ထုတ်ပြန်ပေးလျက်ရှိရာ အစဉ်သတိပြုစေ ချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ