နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရှောင်လွှဲနိုင်သော မျက်မမြင်ဘဝ ကာကွယ်စောင့်ရှောက်ကြ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ခန့်မှန်းတွက်ချက်မှုအရ ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် မျက်စိကွယ်သူပေါင်း ခုနစ်သိန်း ခန့်ရှိပြီး မျက်မမြင်လူဦးရေ ၄၅ သန်းကျော်ရှိပြီး မျက်စိမှုန် သူပေါင်းဦးရေ ၂၄၆ သန်းကျော်ရှိသည်ဟု ဆိုသည်။ 

ယနေ့တိုးတက်နေသော နည်းပညာများအရ မျက်စိအမြင် ချို့တဲ့သူ ၈၀ ရာခိုင်နှုန်းသည် ကာကွယ်ကုသ၍ရသော မျက်စိ ရောဂါများဖြစ်နေသည်ကို တွေ့ရသည်။ မျက်စိအာရုံချို့ယွင်း မှု ၉၀ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ နေထိုင်လျက် ရှိ၏။ မျက်စိနှင့်ပတ်သက်သည့်ကာကွယ်ခြင်း၊ ကုသခြင်း၊ ဗဟုသုတနည်းပါးလျက်ရှိ၏။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် မျက်စိကွယ်  စေနိုင်သောအဖြစ်များသောရောဂါများမှာ အတွင်းတိမ်ရောဂါ၊ ရေတိမ်ရောဂါ၊  မျက်ခမ်းစပ်ရောဂါ၊  မျက်ကြည်လွှာအနာ ရောဂါ၊ မျက်စိထိခိုက်ဒဏ်ရာရောဂါနှင့်ကလေးများတွင်      ဗီတာမင်အေချို့တဲ့ရောဂါများဖြစ်သည်။ ယင်းအပြင် ဆီးချို၊ သွေးတိုးကြောင့် နောက်ဆက်တွဲမျက်စိရောဂါများဖြစ်ပေ၏။ သို့ဖြစ်ရာ ရောဂါဖြစ်ပွားနှုန်းနည်းစေရန် ကာကွယ်ရေးနှင့် ကုသရေးအစီအမံများကို လိုက်နာဆောင်ရွက်သင့်သည်။ 

မျက်စိအမြင်အာရုံချို့ယွင်းလျှင်၊ မျက်စိကွယ်လျှင် လုပ်ငန်းဆောင်တာအရာရာတို့လည်း လျင်မြန်ပြီးမြောက် အောင်   ဆောင်ရွက်နိုင်ခြင်းမရှိတော့သဖြင့်  မျက်စိသည် လူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတွင် တန်ဖိုးအကြီးဆုံးပင်ဖြစ် ၏။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၅ ရက်သည် ၇၄ နှစ်မြောက် နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့ဖြစ်သည်။ ၁၉၄၈ ခုနှစ် အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် ပိုရီယာမြို့ တွင်ကျင်းပသည့် Lion Club ၏ ကမ္ဘာလုံးဆိုင်ရာ သင်းလုံးကျွတ် အစည်းအဝေးပွဲကြီးတွင် မျက်မမြင်၊ နားမကြား၊ စကား လည်းမပြောတတ်သော ဟယ်လင်ကဲပလား၏ အကြံပြုချက် အရ အောက်တိုဘာ ၁၅ ရက်ကို နိုင်ငံတကာမျက်မမြင်လမ်း လျှောက်တုတ်နေ့အဖြစ်သတ်မှတ်ပြီး တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့ ခဲ့သည်။ 

စက္ခုအာရုံချို့တဲ့သူတစ်ဦး၏ အကြီးမားဆုံးအခက်အခဲမှာ ရွေ့လျားသွားလာခြင်းပင်ဖြစ်သည်။ Lion Club စေတနာ့ ဝန်ထမ်းအဖွဲ့က မျက်မမြင်များအတွက် ဈေးအသက်သာဆုံး နှင့်အလွယ်ကူဆုံးပစ္စည်းဖြစ်သည့် White Cane လမ်းလျှောက် တုတ်ကို ဖော်ဆောင်ပေးနိုင်ခဲ့သည်။ 

ရှောင်လွှဲနိုင်သော မျက်မမြင်ဘဝကာကွယ်စောင့်ရှောက် ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းများ၊ စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်း များက မျက်စိရောဂါကုသမှုတွင် အလေးထားလျက်ရှိရာ မျက်စိရောဂါဝေဒနာရှင်များအတွက် အားတက်ဖွယ်ပင်ဖြစ် ကြောင်း ။






အခြားဆက်စပ်သတင်းများ