နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အနုပညာလက်ရာမြောက် ပုလင်းပန်းချီကို ပညာအမွေဆက်ခံရေးဆွဲ

အမရပူရ ဇွန် ၁၁


ပညာရှင်ရှားပါးပြီး ရေးဆွဲရခက်ခဲသည့် လက်ရာမြောက် ပုလင်း ပန်းချီကို အမရပူရမြို့မှ ပုလင်းပန်းချီ ဆရာကြီးဦးချစ်မြ၏သား မျိုးဆက်သစ်လူငယ် ပုလင်းပန်းချီပညာရှင် ကိုရှိန်ဝါလင်းက ပညာ အမွေဆက်ခံကာ ဆက်လက်ရေးဆွဲလျက်ရှိကြောင်း သိရသည်။ 


ရှားပါး ပုလင်းပန်းချီပညာရှင် ဦးချစ်မြ ကွယ်လွန်သွားပြီးနောက်ပိုင်းသားဖြစ်သူက ပုလင်းပန်းချီ၊ မှန်ပန်းချီ၊ ဘူးပန်းချီများကို ဆက်လက်ထိန်းသိမ်းရေးဆွဲလျက်ရှိကြောင်း သိရသည်။


လက်ရှိကာလတွင် ရှားပါးပုလင်းပန်းချီ အရောင်းအဝယ်အေး နေသော်လည်း ဟိုတယ်များမှ မှာယူသော အော်ဒါထည်များကို ရေးဆွဲပေးနေရသည်။ မြန်မာမှုဆိုင်များနှင့်ဟိုတယ်များမှ အများစု မှာယူသော ပုလင်းပန်းချီမှာ နန်းမြို့ရိုးပုံနှင့် ကျုံးအလှရှုခင်းပုံကို အများစုမှာယူကြသည်။ နန်းမြို့ရိုးနှင့် ကျုံးအလှပုလင်းပန်းချီမှာ ပုလင်းအမြင့်၁၆လက်မ၊ လုံးပတ် ၂၈ လက်မအတွင်း ရေးဆွဲခြင်းဖြစ်သည်။ 


ရှားပါးပြီး အနုပညာလက်ရာမြောက်သည့် မှန်ပန်းချီ၊ ပုလင်း ပန်းချီ၊ အုန်းခွက်ပန်းချီ၊ ဘူးပန်းချီများကို ရေးဆွဲမှုလုပ်ငန်းမှာ ကင်းဘတ်ပေါ်တွင်ရေးဆွဲသည့် ပန်းချီကိုအခြေခံကာ မှန်ပန်းချီရေးဆွဲခြင်း လုပ်ငန်းမှ စတင်ခဲ့ပြီး ပုလင်းပန်းချီမှာ ပုလင်းအတွင်းမှ ရေးဆွဲရသည့်အတွက် ခက်ခဲလှသည်။ ၁၉၈ဝ မှ ၁၉၉ဝ ပြည့်နှစ်အတွင်း လက်ရာမြောက်မှန်ပန်းချီရေးဆွဲရာမှ ကျောက်ဆည်မြို့ ပုလင်းပန်း ချီဆရာကြီး ဦးညိုလေး၏ ပုလင်းပန်းချီကိုကြည့်ကာ ပုလင်းပန်းချီ ဦးချစ်မြကသုံးနှစ်တိတိရေးဆွဲလေ့ကျင့်ပြီး ငါးလုံးမြောက်ပုလင်း ပန်းချီမှာ မဟာမုနိရုပ်ပွားတော်ရေးဆွဲရာက စတင်ကျွမ်းကျင်လာကြောင်း သိရသည်။ လက်ရှိကာလတွင် ပုလင်းပန်းချီဦးချစ်မြ၏သား ကိုရှိန်ဝါလင်းက ဖခင်ဖြစ်သူထံမှ ပုလင်းပန်းချီပညာကို အမွေဆက်ခံကာ ထိန်းသိမ်းရေးဆွဲလျက်ရှိပြီး လက်ရာမြောက်ပုလင်းပန်းချီများကို ဝယ်ယူလိုပါက ဖုန်း-ဝ၉ ၂၅၆၃၆ဝ၄၁၉သို့ ဆက်သွယ်မှာယူ နိုင်ကြောင်း သိရသည်။


(ကျော်ဆန်းမြင့်)






အခြားဆက်စပ်သတင်းများ