နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့များတွေ့ဆုံဆွေးနွေး

မန္တလေး ဇွန် ၁၁


၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နည်းလမ်းများနှင့်အညီ ကျင်းပနိုင်ရေးအတွက်မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမျာညှိနှိုင်းအစည်းအဝေးကို ဇွန် ၁၀ ရက် နံနက် ၁၀နာရီက တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကျင်းပသည်။


အစည်းအဝေးတွင်မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှိန်ဝင်းက  ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် ကိုဗစ်-၁၉ကာလနှင့်တိုက်ဆိုင်နေသည့်အတွက် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွန်ကြားချက်များနှင့်အညီဆောင်ရွက်ရန် လိုကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ် များအနက်မဲစာရင်းများမှန်ကန်ရေး၊မဲစာရင်းကပ်ထား ကြေညာခြင်း၊ မဲစာရင်းလာရောက်ကြည့်ရှု့ရာတွင် ရောဂါကာကွယ်ထိန်းချုပ်ရေးညွန်ကြားချက်များနှင့်အညီဖြစ်စေရေး အကြံပြုဆွေးနွေးရန်ပြောကြားသည်။ ထိုနောက် တက်ရောက်လာသည့်ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများက မဲစာရင်းများပြုစုပြီးစီးမှု၊ မဲစာရင်း မှန်ကန်ရေးစစ်ဆေး ဆောင်ရွက်မှုများနှင့် မဲစာရင်းများကြေညာစဉ်ကျန်းမာရေးလမ်းညွန်ချက်များနှင့်အညီဖြစ်စေရေးဆောင်ရွက်သွားရန် ဆွေးနွေး ကြသည်။

မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲကို ချမှတ်ထား သည့် စံ(၅)ချက်နှင့်အညီ မဲဆန္ဒရှင်ပြည်သူများစိတ်အေးချမ်းသာစွာမဲပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  


မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ