နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသိဉာဏ် အမြော်အမြင်၊ စိတ်ဓာတ်ရင့်ကျက်မြင့်မားလာရေး

**************

ကမ္ဘာတစ်ဝန်းတိုးတက်လျက်ရှိသည့် သိပ္ပံနှင့်နည်းပညာ များ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်မှုနည်းပညာများ ၏ အပြန်အလှန်အထောက်အကူပြုတိုးတက်လာမှုကြောင့် နိုင်ငံအသီးသီး၏ လူမှုစီးပွားရေးဘဝပြောင်းလဲတိုးတက်လာ သည်။ 

မြန်မာနိုင်ငံသည် သဘာဝသယံဇာတပေါများသည့် နိုင်ငံ ဖြစ်ရာနိုင်ငံစီးပွားတိုးတက်ရေးအတွက် အရေးကြီးသည်မှာ လူသားစွမ်းရည်ဖြစ်သည်။ လူသားစွမ်းရည်ပြည့်ဝသည့် လူမျိုးဖြစ်ရန် ယနေ့လူငယ်လူရွယ်များကို လေ့ကျင့်ပျိုးထောင် တည်ဆောက်ပေးရန်ဖြစ်သည်။

လူသားအရင်းအနှီးသည် တိုင်းပြည်ဖွံ့ဖြိုးမှု၏သော့ချက် ဖြစ်ပေရာ အရည်အသွေးပြည့်ဝသော လူသားများမွေးထုတ် နိုင်ရန် အရေးကြီးလှပေသည်။ ပညာရေးအခန်းကဏ္ဍသည် ပဓာနကျလှပေရာ ပညာအရည်အသွေးအဆင့်မြင့်ရန် အမြဲ မပြတ်ဆောင်ရွက်ရန်လိုအပ်သည်။  အပြောင်းအလဲအခွင့် အလမ်းများနှင့်အတူ စိန်ခေါ်မှုအခက်အခဲများလည်း တွဲလျက် ပါဝင်လာသည်။ 

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ် ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် ပထမနှစ် (ဒုတိယ နှစ်ဝက်) နှင့်   ဒုတိယနှစ်မှ မဟာဘွဲ့သင်တန်းများအထိ နေ့သင်တန်းများအားလုံးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက် တွင်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်         စာမေးပွဲအောင်မြင်သူများအတွက်     ပထမနှစ်  (ပထမနှစ်ဝက်) နေ့သင်တန်းများကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင် စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း     အဆင့်မြင့်ပညာဦးစီးဌာနက ကြေညာချက်ထုတ်ပြန်ထားသည်။ 

ယနေ့အချိန်အခါတွင် သိပ္ပံနှင့် နည်းပညာများ တစ်နေ့ တခြားတိုးတက်ပြောင်းလဲလျက်ရှိရာ    တိုးတက်မှုကိုအမီ လိုက်နိုင်ရန်  ပညာရေးအဆင့်မြင့်မားရေးအတွက်  ယနေ့ လူငယ်လူရွယ်များသည်     သာမန်တတ်မြောက်သည်နှင့် ရောင့်ရဲတင်းတိမ်မနေဘဲ ထူးချွန်ထက်မြက်ရန် အစဉ်ကြိုးပမ်း အားထုတ်ရပေမည်။    ခေတ်နှင့်အညီပြောင်းလဲလာသော နည်းပညာသစ်များ၊ ခေတ်မီအတတ်ပညာများကို ကျွမ်းကျင် ပိုင်နိုင်စွာစွမ်းဆောင်ရေးသည် အရေးပါသည်။ 

ဝန်ဆောင်မှု၊ စီမံခန့်ခွဲမှု၊ ဈေးကွက်ထိုးဖောက်မှုနှင့် အိုင်တီ နည်းပညာသုံးလုပ်ငန်းများအတွက် လူသားအရင်းအမြစ်များ နည်းပါးနေသည်။ အဓိကရင်ဆိုင်ရမည့်ပြဿနာမှာ အရည် အချင်းနှင့်စွမ်းဆောင်ရည်သည် အရန်သင့်အသုံးချနိုင်သော အခြေအနေတွင် ရှိမနေခြင်းပင်ဖြစ်သည်။ 

လူသားစွမ်းရည်ပြည့်ဝသည့်လူမျိုးဖြစ်ရန် ယနေ့လူငယ်၊ လူရွယ်များ ခေတ်မီအတတ်ပညာများကို အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်ဆောင်ရွက်စေချင်ကြောင်း ။         ။






အခြားဆက်စပ်သတင်းများ