မယ်စဲ့ ဇွန် ၁၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူများ သွားလာမှုလွယ်ကူစေရေးအတွက် ကျေးရွာချင်းဆက်လမ်း များဖောက်လုပ်ပေးလျက်ရှိရာကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ် ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဟိုဂျစ်-တောင်လှ ကျေးရွာချင်းဆက် မြေသားလမ်း ဖောက်လုပ်နေမှုအားဇွန် ၁၀ ရက်ကပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူးနှင့် အဖွဲ့ကကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာချင်းဆက်လမ်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (နယ်စပ်ဒေသဖွံ့ဖြိုးရေး)ရန်ပုံငွေကျပ် ၃၇၇ ဒသမ ၂၀၃ သန်းဖြင့် ဟိုဂျစ်-တောင်လှ ကျေးရွာချင်းဆက်လမ်းအရှည် (၁၀/၄)မိုင် ရှိသည့်အနက် မြေသားအရှည်(၅/၀)မိုင် ဖောက်လုပ်ခဲ့ပြီး ၎င်းလမ်းပေါ်တွင် ပေ(၃၀) ကွန်ကရစ်တံတား ၂ စင်း၊ Box Culvert ၉ စင်းတည်ဆောက်ပြီးစီးခဲ့ပြီးဖြစ်သည်။
ယခုဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် ၅၂၅ ဒသမ ၅၀၃ သန်းဖြင့် ကျန်ရှိနေသည့် ဟိုဂျစ်-တောင်လှ အရှည်(၅/၄)မိုင် ထပ်မံဖောက်လုပ်ခြင်းနှင့် ၎င်းလမ်းပေါ်တွင် ပေ(၅၀) ကွန်ကရစ်တံတား ၁ စင်း၊ ပေ၂၀ ကွန်ကရစ် ရေကျော်တံတား ၂ စင်း၊ Box Culvert ၉ စင်း၊ ပေ ၂၀ ဘေလီတံတား ၁ စင်း တို့ကိုဆောင်ရွက်လျက်ရှိသည်။
ယင်းကျေးရွာများသည် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်နှင့် ထိုင်းနိုင်ငံနယ်စပ်ရှိဘီပီ(၁၆)တို့နှင့် ထိစပ်လျက်ရှိပြီးယခင်ကခြေလျင်ဖြင့်သာသွားလာနေရသဖြင့် ဒေသခံပြည်သူများ၏ တင်ပြတောင်းဆို ချက်၊ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းမေးမြန်းချက်များဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိးတိုးတက်ရေးဦးစီးဌာန နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ပေးသည့်အတွက်ဒေသခံပြည်သူများရာသီမရွေးသွားလာနိုင်တော့မည်ဖြစ်ရာဝမ်းသာကြည်နူးမိပါကြောင်းဒေသခံပြည်သူများထံမှ သိရသည်။
ဝတ်ရည်(ပြန်/ဆက်)