နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို တားဆီးရန် ကြိုးပမ်းနေသည့် ကျန်းမာရေးဝန်ထမ်းများ တိုက်ခိုက်ခံရ

ဧပြီ ၄၊ နယူးဒေလီ အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ရန် ကြိုးစားနေသည့် ကျန်းမာရေးဝန်ထမ်း အများအပြား တိုက်ခိုက်ခံခဲ့ရသည်။ ဆရာဝန်များမှာ တံတွေးထွေးခံရခြင်း၊ မောင်းထုတ်ခံရခြင်း စသည့် အခြေအနေများ ကြုံတွေ့ရပြီး ဖြစ်ရပ်တစ်ခုတွင် လူနာများက သူနာပြုဆရာမများကို ဆဲရေးခဲ့ကြသည်။ COVID-19 လူနာများနှင့် ထိတွေ့နေခြင်းကြောင့် သမားတော်အချို့နှင့် ယင်းတို့၏မိသားစုများကို အိမ်နီးနားချင်းများက မောင်းထုတ်ခဲ့ကြသည်။ အိန္ဒိယနိုင်ငံတွင် COVID-19 ကူးစက်ခံထားရသူ ၂၃၀၀ ကျော်ရှိနေပြီး အနည်းဆုံး လူ ၅၀ သေဆုံးခဲ့သည်။ အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သည့် ရုပ်သံမှတ်တမ်းတစ်ခုအရ အိန္ဒိယနိုင်ငံ အလယ်ပိုင်း အင်ဒိုရီမြို့တွင် တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးဆရာဝန်နှစ်ယောက်ကို လူအုပ်ကြီး က ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။ အမျိုးသမီးဆရာဝန်နှစ်ယောက်မှာ COVID-19 သံသယ လူနာအမျိုးသမီးတစ်ယောက်ကို စစ်ဆေးရန် လူထူထပ်သည့်နေရာသို့ ရောက်ရှိလာစဉ် တိုက်ခိုက်ခံ ရခြင်းဖြစ်သည်။ အဆိုပါဖြစ်ရပ်တွင် ဒဏ်ရာရခဲ့သော်လည်း ယင်းဖြစ်ရပ်ကြောင့် တာဝန်မထမ်းဆောင်ဘဲ နေမည်မဟုတ်ဟု ဆရာဝန် ဇာကီယာဆာယက်က ပြောသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ