နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရာသီ သီးနှံတိုးချဲ့စိုက်ပျိုး

နိုင်ငံတော်အစိုးရက စိုက်ပျိုးရေးကို အထူးအလေးထား အားပေးနေခြင်းကြောင့် တောင်သူလယ်သမားတို့၏ လူမှု စီးပွားဘဝရှင်သန်ရပ်တည်မှုသည် တိုးတက်ကောင်းမွန်လာ ၏။ မြန်မာနိုင်ငံသည် ဆန်စပါး အဓိကစိုက်ပျိုးသည့်နိုင်ငံ ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် မုတ်သုံမိုးရွာသွန်းမှုသည် စက်တင်ဘာ ၂၃ ရက်တွင်   မြန်မာနိုင်ငံမြောက်ပိုင်းမှလည်းကောင်း စက်တင်ဘာ ၂၈ ရက်တွင် အထက်မြန်မာပြည်မှလည်းကောင်း၊ အောက်တိုဘာ ၅ ရက်တွင်       မြန်မာပြည်အလယ်ပိုင်း အောက်တိုဘာ ၁၁ ရက်တွင် မြန်မာပြည်တောင်ပိုင်းမှလည်း ကောင်း ဆုတ်ခွာသွားပြီဖြစ်သည်။ 

ယခုရွာသွန်းသောမိုးများသည် မိုးကြွင်း၊ မိုးကျန်တဖွဲဖွဲ တသဲသဲရွာသွန်းလျက်ရှိသည်။ ဆောင်းရာသီစိုက်သီးနှံများ အတွက်   ရွာသွန်းပေးခြင်းဖြစ်သကဲ့သို့    ဆည်များတွင်  ရေသိုလှောင်မှုပမာဏကို မြင့်တက်စေသည်။    ချောင်းပိတ်၊ မြောင်းပိတ်တို့ဖြင့် ရေကိုထိန်းသိမ်းကြရမည်ဖြစ်သည်။ 

မိုးအကုန်ဆောင်းအကူးကာလများတွင် ပဲအမျိုးမျိုးကို ဆောင်းသီးနှံများအဖြစ် အဓိကထားစိုက်ပျိုးလေ့ရှိသည်။ ထို့အပြင် ဆီထွက်သီးနှံ၊ မြေပဲ၊ နေကြာ၊ နှမ်း၊ ပဲအမျိုးမျိုး စိုက်ပျိုးလာကြသည်။ အထူးသဖြင့် ရေကောင်း၊ မြေကောင်း သည့်နေရာများ စိုက်ပျိုးရေးနည်းပညာများ၊ ဖြန့်ဖြူးပေးခြင်း နှင့်  မျိုးကောင်းမျိုးသန့်များ  ရွေးချယ်စိုက်ပျိုးခြင်းတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ 

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည်    ၂၀၂၂   ခုနှစ် ဆောင်းသီးနှံ ထုတ်ချေးငွေများကို စပါးတစ်ဧကလျှင် ငွေ ၁၅၀,၀၀၀ ကျပ်၊ ပဲမျိုးစုံတစ်ဧကလျှင် ၁၀၀,၀၀၀ ကျပ်နှုန်း ဖြင့် တောင်သူများအား ထုတ်ချေးလျက်ရှိသည်။  တောင်သူ များအား    သွင်းအားစုအဖြစ်    ယူရီးယားဓာတ်မြေဩဇာ တစ်အိတ်လျှင် ၄၈,၀၀၀ ကျပ်ဖြင့် ဖြန့်ဖြူးပေးလျက်ရှိသည်။ ဆောင်းသီးနှံများကို အင်ပြည့်၊ အားပြည့်စိုက်ပျိုးသွားနိုင်ရန် အထူးလိုအပ်မည်ဖြစ်သည်။ မြန်မာပြည်အထက်ပိုင်းတွင် မိုးကောင်း၍ ပဲများအထွက်တိုးနိုင်ပါသည်။ 

နိုင်ငံတော်အနေဖြင့် ကျေးလက်ဒေသနေလူမှုစီးပွားဘဝ တိုးတက်ပြောင်းလဲမြင့်မားလာရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်။ ယင်းကဲ့သို့ ပြောင်းလဲဖော်ဆောင် ရာတွင် စက်မှုစွမ်းအားအသုံးချမှုမြင့်မားလာစေရန် ယာမြေ ပြုပြင်ခြင်းလုပ်ငန်းများတွင် စက်ယန္တရားများဖြင့် စွမ်းအား ပြည့်အသုံးချရန်လိုအပ်သကဲ့သို့    လုပ်ငန်းခွင်တွင်ကျယ်ပြီး ထိရောက်မှုရှိမည်ဖြစ်သည်။ 

တောင်သူဦးကြီးများအနေဖြင့် မိမိမိသားစုဝင်ငွေ တိုးပွား စေရေးအတွက် ရာသီ သီးနှံများကို တစ်နှစ်ပတ်လုံးကြိုးစား စိုက်ပျိုးခြင်းဖြင့်    စားနပ်ရိက္ခာလိုအပ်သောပြဿနာများ     ပေါ်ပေါက်ခြင်းဘေးကင်းဝေးစေရေးတွင်  အထောက်အပံ့ ဖြစ်စေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ