ကျွန်းလှ ဇွန် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ကြာတကန်ကျေးရွာ၊ ကွင်းအမှတ် (၄၉၀)၊ တောင်သူဦးမြသာ၏ ယာမြေ(၉)ဧကတွင် ဇွန် ၁၀ ရက်က မိုးအစေ့ထုတ်ပြောင်းစံပြကွက်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
စံပြကွက်စိုက်ပျိုးရာတွင် ဖောင်မြောင်တောင်ပိုးကြိုတင်ကာကွယ်ရေးအစေ့ထုတ်ပြောင်း (၅)ဧကနှင့် မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်(၄)ဧကစိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်မြင့်မြင့်ရီက ပြောကြားသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခုနှစ် မိုးစပါး (၃၃၅၈၇)ဧက၊ ပဲမျိုးစုံ (၁၄၄၅၈)ဧက၊ ဆီထွက်သီးနှံ (၅၈၂၄)ဧက၊ စက်မှုသီးနှံ (၂၅၀၃)ဧက၊ အခြားသီးနှံ (၁၅၃၅၉)ဧက၊ နှစ်ရှည်ပင်(၁၆၆၈)ဧကစိုက်ပျိုးရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)