နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကုတ်မြို့နယ် ကျေးလက်ဦးစီးဌာနက မြစိမ်းရောင်ချေးငွေထုတ်ချေးခြင်းနှင့် ကျေးလက်ကုန်ထုတ်လမ်းပြီးစီးမှုများအား ကွင်းဆင်းစစ်ဆေး

တောင်ကုတ် ဇွန် ၁၁


ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီနှင့် အဖွဲ့သည် ဇွန် ၁၁ ရက် နံနက်ပိုင်းက တောင်ကုတ်မြို့နယ် တရဘကျေးရွာအုပ်စု တရဘကျေးရွာ တွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ၆၀၈ သိန်းအား အသင်းဝင် ၁၂၄ ဦးသို့ လမ်းညွှန်ချက်များနှင့်အညီ ပြန်လည် ထုတ်ချေးပေးခြင်းနှင့် ပေါက်ပြင်ကျေးရွာအုပ်စု ပေါက်ပြင်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေ ၅၇၄ သိန်းအား အသင်းဝင် ၁၂၃ ဦးထံသို့ လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ထုတ်ချေးပေးနေမှုတို့ကို ကွင်းဆင်းခဲ့ပြီး တောင်ကုတ်မြို့နယ် တောင်ရွာကျေးရွာအုပ်စု ဓားမကျကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ ရန်ပုံငွေ ၁၂၁ ဒသမ ၀၀ သန်းဖြင့် ရွှေလျှံ သူဌေးချောင်းသာ ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ဓားမကျကျေးရွာ ကျေးလက်ကုန်ထုတ်မြေသားလမ်းဖောက်လုပ်ခြင်း ချောင်း ကျောက်စရစ်ခင်းခြင်းလုပ်ငန်းနှင့် ကွန်ကရစ်တံတား ၁ စင်းတည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမှု အခြေအနေ များအား ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။


ဦးအောင်လှဖြူ(ရမ်းဗြဲ)






အခြားဆက်စပ်သတင်းများ