နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗြိတိန် လူကုန်ကူးဂိုဏ်းတစ်ခုကို စပိန်ရဲတပ်ဖွဲ့ ဖြိုခွင်း

မက်ဒရစ်၊ အောက်တိုဘာ ၁၀

အယ်လ်ဘေးနီးယား ရွှေ့ပြောင်းနေ ထိုင်သူများကို စပိန်မှတစ်ဆင့် ဗြိတိန် နိုင်ငံသို့ လှေများ ၊ ကူးတို့ယာဉ် များ အတွင်း ဖုံးကွယ်ကာ လူကုန်ကူးနေသည့် ဂိုဏ်းတစ်ခုအား ဖြိုခွင်းလိုက်ကြောင်း စပိန် ရဲတပ်ဖွဲ့က အောက်တိုဘာ ၉ ရက် တွင် ထုတ်ပြန်သည်။ 

ရွှေ့ပြောင်းနေထိုင်သူအချို့တွင်ကလေးငယ် များပါဝင်ကာ ယင်းတို့ သည် ဗြိတိန်သို့ထွက်ခွာရန်လူကုန်ကူး ဂိုဏ်းကို ယူရို ၃၀၀၀ က ယူရို ၁၅,၀၀၀ ကြား ပေးချေရပြီး ၂၀၁၄ ခုနှစ် ကတည်းက ယခုကဲ့သို့ လူကုန်ကူးမှု များ စတင်နေခြင်းဖြစ်ကြောင်း မြို့ပြ အစောင့်တပ်ဖွဲ့က ပြောသည်။

အမျိုးသား ရာဇ၀တ်မှုအေဂျင်စီ ၏ စစ်ဆင်ရေးတစ်ခုတွင်အယ်လ်ဘေး နီးယားနိုင်ငံသား  ခုနစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း စပိန်အရပ်ဘက် အစောင့်တပ်ဖွဲ့က ပြောသည်။

အမည်ဖော်ပြထားခြင်း မရှိသည့် သံသယရှိသူများကို အောက်တိုဘာ၃ ရက် နှင့် အောက်တိုဘာ ၅ ရက်တို့ တွင် ဖမ်းဆီးခဲ့ပြီး ယင်းတို့ကိုစပိန်မြောက် ပိုင်း ဘာရာကယ်ဒို ရှိ တရားရုံးတစ်ခု တွင် အောက်တိုဘာ ၇ ရက်က ရုံးထုတ် ခဲ့ကာ နှစ်ဦးကို ဆက်လက်ချုပ်နှောင် ထားပြီး ငါးဦးကို အာမခံနှင့် ပြန်လွှတ် ပေးထားကြောင်း သိရသည်။   

(ref: AP)






အခြားဆက်စပ်သတင်းများ