နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန် လက်နက်သိုလှောင်ရုံများ လက်နက်များပြတ်တောက်

ဝါရှင်တန်၊ အောက်တိုဘာ ၁၀

အမေရိကန်လက်နက်သို လှောင်ရုံ များတွင် လက်နက်များ ပြတ်တောက် သွားသဖြင့် ယူကရိန်းသို့ အမေရိကန်၏ လက်နက် ခဲယမ်းများ ထောက်ပံ့မှု လျော့နည်းလာနိုင်ကြောင်း သိရသည်။

ယူကရိန်းတပ်မတော်သည်ထောက် ပံ့ရေးပစ္စည်းများကို အစားထိုးနိုင် သည် ထက် ပိုမိုမြန်ဆန်စွာ အသုံးပြု နေသော ကြောင့် ယူကရိန်းနိုင်ငံအတွက် မရှိ မဖြစ်လိုအပ်သော အချို့လက်နက်ခဲ ယမ်းမီးကျောက်များကို မကြာမီကာလ တွင် အမေရိကန် ပြည်ထောင်စုက ဆက် လက် ထောက်ပံ့ပေးနိုင်တော့မည် မဟုတ်ကြောင်း သိရသည်။

ယူကရိန်းအတွက် အဓိကကျသည့် လက်နက်နှင့် ပစ္စည်းကိရိယာများသည် စစ်ပွဲတိုက်ခိုက်ရန်နှင့် လေ့ကျင့်မှု များအတွက် လိုအပ်သည့်လက်နက် ပမာဏ အောက်သာ ကျန်ရှိတော့သဖြင့် လက်နက်ပြန်လည်သိုလှောင်ရန်နှစ် များစွာ ကြာနိုင်ကြောင်းအမေရိကန် မဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာ ရေးစင်တာက ပြောကြားထားသည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှား ယူကရိန်း  စစ်ပွဲစတင်ပြီးနောက် အမေရိကန်သည် ယူကရိန်းကို လက်နက် အများဆုံး ထောက်ပံ့ သူဖြစ်လာပြီး စစ်ရေးအကူအညီအဖြစ် ကန်ဒေါ်လာ ၁၆ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ လက်နက်များပေးအပ်ထားပြီး ဖြစ် သည်။

လက်ရှိတွင် အမေရိကန်အစိုးရသည် လက်နက်ပြုလုပ်သည့် စက်ရုံများရှိ တပ်ဆင်ရေးလိုင်းများကို ပြန်လည် ဖွင့်လှစ်ရန်နှင့် ၂၀၂၀ ပြည့်နှစ်ကတည်းက ဆက်လက်ပြုလုပ်ခြင်းမရှိတော့သည့် စတင်းဂါး လေယာဉ်ပစ်ဒုံးလောင်ချာ များကဲ့သို့သော ပစ္စည်းများ ထုတ်လုပ် ခြင်းကို ပြန်လည်စတင်ရန်အတွက် ကြိုးပမ်းနိုင်ချေရှိနေကြောင်း သိရသည်။

(ref: AFP)






အခြားဆက်စပ်သတင်းများ