နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စိမ်းလန်းကြည်လင်သော မြို့တော်ရန်ကုန်

**********

မြန်မာနိုင်ငံ၌ ခရီးသွားစရာနေရာများပေါများလှသည်။ လည်ပတ်လေ့လာစရာနေရာများ၊ အပန်းဖြေအနားယူစရာ နေရာများပေါများလှသည်။ ယခုကဲ့သို့ ပွင့်လင်းရာသီတွင် ပြည်ပခရီးသွားများသာမက ပြည်တွင်းခရီးသွားများလည်း ပိုမိုလည်ပတ်သွားလာကြသည်။

ထိုသို့ခရီးသွားဧည့်သည်များ ဝင်ထွက်သွားလာနေကြ သည်မှာ အဆန်းတကြယ်မဟုတ်သော်လည်း ယခင်နှစ်များ ထက်စာလျှင် ခရီးသွားဧည့်သည်များ ပိုမိုသွားလာလျက်ရှိ သည်။  ရန်ကုန်မြို့တော်ကြီးတွင်  ရှေးဟောင်းယဉ်ကျေးမှု လက်ရာအဆောက်အအုံများ၊ ဟောင်းနွမ်းအဆောက်အအုံ များ သန့်ရှင်းသပ်ရပ်ရေးနှင့် သစ်လွင်တောက်ပရေးအတွက် လိုအပ်ပေသည်။ 

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း        ရှေးဟောင်းသာသနိကအဆောက်အအုံများ၊ နေအိမ်ခြံစည်း ရိုးများ၊ အိမ်အမိုးများ သန့်ရှင်းသပ်ရပ်ရေးနှင့် သစ်လွင်လှပ ရေးသည် မြို့တော်၏ပသာဒကို  အားဖြည့်ပေးခြင်းပင်ဖြစ် သည်။ နေအိမ်ခြံစည်းရိုးများ၊ အိမ်အမိုးများဆေးသုတ်ခြင်း၊ တွယ်ကပ်ပေါက်နေသည့်သစ်ပင်များ၊ ချုံနွယ်ပိတ်ပေါင်းများ ကို ရှင်းလင်းရန်လိုအပ်သည်။ ရန်ကုန်မြို့သည် မိမိတို့နိုင်ငံ တွင် စီးပွားရေးအချက်အခြာမြို့ဖြစ်သည့်အပြင် နိုင်ငံတကာ ဧည့်သည်များဝင်ထွက်သွားလာရာမြို့လည်းဖြစ်သည်။ 

ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးဥပဒေ (၂၀၁၈ ခုနှစ်) ပြဌာန်းချက် နှင့်အညီ မြို့တော်သူ၊ မြို့တော်သားများအနေဖြင့် လမ်းမများ နှင့်မျက်နှာစာများရှိ  မိမိတို့၏ခြံစည်းရိုးများ၊ နေအိမ်များ၊ အဆောက်အအုံနံရံနှင့် ခြံဝင်းအတွင်းရှိ ချုံနွယ်ပိတ်ပေါင်း များအား သန့်ရှင်းသပ်ရပ်အောင် ရှင်းလင်းဆောင်ရွက်ပေး ကြရန်၊ အမြင်မတင့်တယ်သည့် ခြံစည်းရိုးများရှိပါက အမြင် တင့်တယ်အောင် သန့်ရှင်းဆောင်ရွက်ပေးရန်နှင့် လိုအပ်ပါက ဆေးသုတ်မွမ်းမံပေးကြရန် ခရိုင်စည်ပင်သာယာအုပ်ချုပ် ရေးမှူးများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာခရိုင်၊ မြို့နယ်များအလိုက် နှိုးဆော်လျက်ရှိသည်။

ရန်ကုန်မြို့ကြီး   သန့်ရှင်းသပ်ရပ်လှပရေး   မြို့တော်နေ      ပြည်သူများဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့်   သာယာ စိမ်းလန်းကြည်လင်သော   မြို့တော်ဖြစ်စေရေးအတွက် အထောက်အကူပြုစေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ