မအူပင် ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏စီစဉ်မှုဖြင့် မအူပင်မြို့နယ် အတွင်းရှိ အငြိမ်းစားရဲအမှုထမ်း ၄၀ ဦးအတွက် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးကာလတွင် အငြိမ်းစားရဲအမှုထမ်းများ စားသောက်ကုန်အဆင်ပြေစေရန် ဆန်တစ်တင်းခွဲအိတ် ၇ အိတ်၊ ဆီ ၁၁ ပိဿာ ၂၀ ကျပ်သား၊ ကုလားပဲ ၁၇ ပိဿာ၊ ဆား ၉ ပိဿာ ၈၀ ကျပ်သားတို့အား ဒုတိယအကြိမ် ဆန်၊ ဆီ၊ ဆားနှင့် ပဲရိက္ခာလေးမျိုးအား ဇွန် ၁၀ ရက် မွန်းလွဲ ၁ နာရီခွဲက မအူပင်မြို့ တိုးရွှေဝါခန်းမတွင် လာရောက်လှူဒါန်းစဉ်။
အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)