နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကော့သောင်းမြို့ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှCOVID-19 ကာလအတွင်း အခြေခံလူတန်းစားများသို့ အခြေခံစားကုန်များလိုက်လံထောက်ပံ့လှူဒါန်း

ကော့သောင်း ဇွန် ၁၁


ကော့သောင်းမြို့ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှCOVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း စားသောက်ရေးကိစ္စများ အခက်အခဲများဖြစ်ပေါ်လျက်ရှိသည့် ရွှေဟင်္သာရပ်ကွက်၊ ရွှေဇင်ယော်ရပ်ကွက်နှင့် ဘုရင့်နောင်ရပ်ကွက်များရှိ အခြေခံလူ တန်းစားမိသားစုများအား ဇွန် ၁၀ ရက် နံနက်ပိုင်းက အခြေခံစားကုန် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်ဥနှင့်ခေါက် ဆွဲခြောက်များကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့လှူဒါန်းပြီး ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရန် အသိပညာပေးလုပ်ငန်းများစဉ်ဆက် မပြတ်ကူညီဆောင် ရွက်ပေးလျက်ရှိကြောင်းသိရသည်။


အဆိုပါပရဟိတအဖွဲ့သည် ကော့သောင်းမြို့၏ ကမ်းနီး၊ကမ်းဝေးငါးဖမ်းလုပ်ငန်းကုမ္ပဏီများ၊ မိုဘိုင်းလ် ဖုန်းအရောင်းဆိုင်လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖအလှူရှင်များဝိုင်းဝန်းပူးပေါင်း လှူဒါန်းကူညီမှုဖြင့် အခြေခံ စားကုန်များကို မြို့ပေါ်ရပ်ကွက်များရှိ အခြေခံလူတန်းစား မိသားစုများ ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကြောင့် စားဝတ်နေရေးအခက်အခဲဖြစ်ပေါ်နေမှုအား တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ် စေရန်ရည်ရွယ်ကြောင်း သိရသည်။


ထို့အပြင် ရပ်ကွက်နေပြည်သူများအား ပေါ့လျော့မှုမရှိ ကျန်းမာရေးအသိသတိဖြင့်နေထိုင်ကြရေး၊ အပြင်ထွက်ပါက နှာခေါင်းစည်းများစနစ်တကျ တပ်ဆင်ကြခြင်းဖြင့် ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်း များအား ဆက်လက်ဝိုင်းဝန်း ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေး ကြရန် လိုက်လံနှိုးဆော်အသိပညာပေးကာ       နှာခေါင်းစည်းများအားလူတစ်ဦးချင်းစီသို့ဝေငှလှူဒါန်းပေးခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။     


ကျော်ဆန်းမြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ