ယနေ့ကာလ၌ ရပ်ရွာများတွင် လူမှုရေး၊ ဘာသာရေးလုပ်ငန်း များ ပိုမိုလုပ်ဆောင်လာကြသည်ကို တွေ့ရပေသည်။ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် ရပ်သူရွာသားများ ချစ်ခင်ရင်းနှီးမှု၊ မိမိရပ်ရွာ ဖွံ့ဖြိုးတိုးတက်မှုကို တိုးပွားစေသည်။
ဝါတွင်း ဝါပကာလများ၌ ရပ်ရွာများတွင် ဆွမ်းလောင်းလှူပွဲ မြင်ကွင်းများမှာ ရပ်ရွာအတွက်သာမက မြင်ရသူများအတွက်ပါ ကျက်သရေမင်္ဂလာရှိလှသည်။ မိမိတို့ရပ်ရွာအတွင်း သာသနာပြု လုပ်ငန်းကို ညီညာဖြဖြ ဆောင်ရွက်ကြခြင်းသည် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာမှုကို ရရှိစေသည်။
ရပ်ရွာများအတွင်း စုပေါင်းအလှူများ ကျင်းပရန်အတွက် ရပ်သူ ရွာသားများ ပြုံးပျော်ရွှင်စွာဖြင့် အလှူဒါန်နပြုရန် ဆောင်ရွက်ရာ တွင် အနှေးယာဉ်လုပ်သားများ၊ ဈေးသူဈေးသားများ မမောနိုင် မပမ်းနိုင် စုပေါင်းဆောင်ရွက်နေကြသည်။
ယနေ့အချိန်အခါတွင် ရပ်ရွာများ၌ ဥပုသ်သီတင်းဆောက်တည် ပွဲ၊ ဆွမ်းတော်ကြီးလောင်းလှူပွဲ၊ ဆွမ်းတော်ကြီးတင်ပွဲ၊ စုပေါင်း ဝါဆိုသင်္ကန်းကပ်လှူပွဲ၊ ကထိန်သင်္ကန်းကပ်လှူပွဲစသည့် ကောင်း သော အမှုများကို ရပ်ရွာအတွင်း စုပေါင်းဆင်နွှဲကြသည်မှာ ကြည်နှုး ဖွယ် ကောင်းလှပေသည်။
ရပ်ရွာအတွင်း ရာသီပွဲများ၊ လှုမှုရေးနှင့် အားကစားပွဲများ၊ သာရေးနာရေးကိစ္စရပ်များ ပေါ်ပေါက်လာသောအခါ အမှုကိစ္စ အဝဝတို့ကို စုပေါင်းညီညာ ပါဝင်လုပ်ဆောင်ရာတွင် တက်ကြွစွာ ပူပေါင်းဆောင်ရွက်ခြင်းသည် အစဉ်အလာကြီးမားသည့် မြန်မာတို့ ၏ ပင်ကိုယ်စိတ်ရင်းပင်ဖြစ်သည်။
ရပ်ရွာဒေသများတွင် လောကဓမ္မနှစ်ဌာနက အကျိုးပြီးသော ဘာသာ၊ သာသနာ၊ ရပ်ရွာအကျိုးများကို ရပ်သူရွာသား စွမ်းပကား ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ရာတွင် ကိုယ့်ထက် ငယ်သူ၊ ကိုယ့်ထက်အားနည်းနိမ့်ပါးသူများအတွက် သနားကြင်နာ စိတ်ဖြင့် ကရုဏာတရားထားရန်၊ ကိုယ့်ထက်သာနေတော်နေ၊ ချမ်းသာနေလျှင် မနာလိုမရှုစိတ်မဖြစ် ဝမ်းမြောက်မုဒိတာပွားရန် ဖြစ်သည်။
ယခုလိုအချိန်အခါကာလမျိုးတွင် လူလူချင်း မေတ္တာတရား ထားခြင်းသည် မိမိပတ်ဝန်းကျင်ကို အကောင်းဆုံးငြိမ်းချမ်းမျိုးဖြင့် ငြိမ်းအေးစေသည်။ ဗြဟ္မာစိုရ်တရား အလေးထားခြင်းဖြင့် လောကဓမ္မနှစ်ဖြာသောအကျိုးကို ပွားများစေချင်ကြောင်း ဆုမွန် ကောင်းတောင်း တောင်းဆုခြွေပါကြောင်း။ ။