နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့တစ်မြို့တွင် တစ်နှစ်ကျော်အတွင်း အဓမ္မမှု ၄၀ ဖြစ်ပွားပြီးနောက် အမျိုးသားတစ်ဦးကို ဖမ်းဆီး

အဘူဂျာ ဇွန် ၁၀


တစ်နှစ်ကျော်ကာလအတွင်း နိုင်ဂျီးရီးယားနိုင်ငံ၏ မြို့တစ်မြို့တွင် အဓမ္မပြုကျင့်မှု ၄၀ မှု ဖြစ်ပွား ခဲ့ပြီးနောက် နိုင်ဂျီးရီးယားရဲတပ်ဖွဲ့က အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့သည်။


နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း ဒန်ဂိုရာမြို့ အိမ်တစ်အိမ်တွင် အဆိုပါအမျိုးသားက ကလေးများ၏ အိပ်ရာထဲဝင်လာစဉ် ကလေးများ၏ အမေနှင့် ပက်ပင်းတိုးခဲ့ခြင်းဖြစ်သည်။


အဆိုပါအမျိုးသားက ထွက်ပြေးသွားခဲ့သော်လည်း အိမ်နီးနားချင်းများက လိုက်လံဖမ်းဆီးပြီး ရဲလက်အပ်ခဲ့သည်။ ဒန်ဂိုမြို့တွင် ဖြစ်ပွားခဲ့သည့် အဓမ္မပြုကျင့်မှု ၄၀ ထဲတွင် အသက် ၈၀ အရွယ် အဘွားအိုနှင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်များပါ ကျူးလွန်ခံခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။


မကြာသေးမီကာလအတွင်း အဓမ္မပြုကျင့်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး အသတ်ခံရသည့်နောက် နိုင်ငံတစ်ဝန်း နာကျည်းခံပြင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး လူထောင်ပေါင်းများစွာက ယင်းကိစ္စများကို ဖော်ထုတ်ပေးရန် လက်မှတ်ရေးထိုးတောင်းဆိုခဲ့သည်။


အွန်လိုင်းပေါ်တွင်လည်း #WeAretired ဆိုသည့် ရေးသားဖော်ပြမှု ပြုလုပ်ခဲ့သည်။ ကာနိုပြည်နယ်၏ မြို့ငယ်တစ်မြို့ဖြစ်သည့် ဒန်ဂိုရာမြို့မှာ ကာနိုမြို့ အနောက်တောင်ဘက် ၅၅ မိုင်အကွာတွင် တည်ရှိရာ ရဲတပ်ဖွဲ့များ သွားရေးလာရေး အခက်အခဲရှိသည်ဟုဆိုသည်။


(KNT)






အခြားဆက်စပ်သတင်းများ