ဝါရှင်တန် ဇွန် ၁၁
အယ်လ်ကေးဒါးအဖွဲ့က အမေရိကန်နိုင်ငံမှာ ဆူပူအုံကြွမှုများ ဖြစ်ပွားနေခြင်းကို အခွင့်ကောင်းယူပြီး ယင်းတို့အဖွဲ့မှာ အမှန်တကယ် ဖိနှိပ်ခံရသူများအဖြစ် ပုံဖော်ရန် မွတ်စလင်များကိုရော၊ မွတ်စလင် မဟုတ်သူ များကိုပါ ဆက်သွယ်နေသည်ဟု ဘီဘီစီသတင်းဌာနက ဖော်ပြသည်။
အယ်လ်ကေးဒါးအဖွဲ့က ယခုနောက်ဆုံးထုတ်ဝေသည့် One Ummah အွန်လိုင်းမဂ္ဂဇင်းတွင် ဂျော့ဖလွိုက်၏ နောက်ဆုံးအခိုက်အတန့်ဓာတ်ပုံနှင့် ဂရက်ဖစ်တီ အနုပညာရှင် ဘန့်စီ၏ ဂရက်ဖစ်တီပုံကို အသုံးပြုပြီး အမေရိကန်နိုင်ငံတွင် လမ်းပေါ်ထွက်ဆန္ဒပြနေသူများကို အခိုင်အမာအားပေးထောက်ခံကြောင်း ပြသခဲ့သည်။
အမေရိကန်ပြည်တွင်း၌ နေထိုင်သူများကိုရည်ရွယ်ပြီး အင်္ဂလိပ်ဘာသာနှင့်ထုတ်ဝေထားသည့် အဆိုပါမဂ္ဂဇင်းထဲတွင် အမေရိကန်နိုင်ငံနှင့် ယင်းတို့၏နိုင်ငံရေးစနစ်၊ စီးပွားရေးနှင့် လူမှုအသိုက်အဝန်း တစ်ခုလုံး မကြာမီ နိဂုံးချုပ်ရလိမ့်မည်ဟု ခန့်မှန်းထားသည်။
''မကြာခင်ကာလအတွင်း အမေရိကန်နိုင်ငံတစ်ဝန်းမှာ လက်နက်ကိုင်ဆန္ဒပြမှုတွေနဲ့ ပြည်တွင်း စစ်ဖြစ်လာတော့မယ့်ပုံပါ။ ဒီမိုကရက်တွေကလည်း ခင်ဗျားတို့ကို ကူညီပေးနိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ကူညီပေးနိုင်ပါတယ်''ဟု ရေးသားထားသည်။
သို့သော် အယ်လ်ကေးဒါးအဖွဲ့နှင့် ယင်းတို့၏ အဓိကပြိုင်ဘက်ဖြစ်သည့် IS အဖွဲ့မှာ အမေရိကန်နိုင်ငံ၏ လက်ရှိအခြေအနေအပေါ် ချဉ်းကပ်မှုပုံစံ ကွဲလွဲနေသည်။ အမေရိကန်နိုင်ငံတွင် ဖြစ်ပွားနေသည့် မငြိမ်သက်မှုများက အခြားနိုင်ငံများအထိ ကူးစက်ပျံ့နှံ့သွားလိမ့်မယ်ဟု IS အဖွဲ့က ယူဆနေသည်။
(KNT)