မော်လမြိုင်ကျွန်း ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းနှင့် စစ်မှုထမ်းဟောင်းမိသားစုများအား ရိက္ခာအမယ်လေးမျိုးထောက်ပံ့ခြင်း အခမ်း အနားကို ယနေ့နံနက် ၉နာရီ က အမှတ်(၅၃၄)တပ်တွင်းခန်းမ၌ပြုလုပ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှအရာရှိ၊ စစ်သည်အမှုထမ်း၊ အရာထမ်း၊ တပ်မတော်သားများ မိသားစုများ၏ကိုယ်စား အနောက်တောင်တိုင်းစစ်ဌာနချုပ် ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်ခိုင်နှင့်အတူအမှတ်(၅၃၄)ခြေမြန်တပ်ရင်းဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူးထွန်း စည်သူကျော်က စစ်မှုထမ်းဟောင်း နှင့် မိသားစုများ၊ ကျဆုံးစစ်သည် မိသားစုများကို ဆန်၊ ဆီ၊ ကြက်ဥ၊ ပဲဆန် စသည့်လေးမျိုးကို ပေးအပ်ခဲ့သည်။ထို့နောက်မြို့ပေါ်ရှိရတနာ့ဗိမာန်စာသင်တိုက် ဘုန်းတော်ကြီးကျောင်းသို့ ဆန်သုံးအိတ်၊ ဆီ၊ ကြက်ဥ၊ ပဲဆန်များ လှူဒါန်းခဲ့သည်။ ဆက်လက်၍ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်ခိုင်နှင့် အဖွဲ့သည် ဘိုကလေးမြို့သို့သွားရောက်ပြီး ထို့နည်းတူ စစ်မှုထမ်းဟောင်းနှင့် မိသားစုများ၊ ကျဆုံး စစ်သည်မိသားစုများအား ရိက္ခာလေးမျိုးပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မိုးခါး