နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကင်ဆာရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်

***********

မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကင်ဆာရောဂါ ကြောင့် သေဆုံးမှုသည် လာမည့်ခြောက်နှစ်အတွင်း လူဦးရေ ရှစ်သန်းကျော်အထိ တိုးပွားလာမည်ဟု ခန့်မှန်းထားကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းများက အသိပေးထုတ်ပြန်ထားသည်။

ကမ္ဘာတစ်ဝန်း အသေအပျောက်အများဆုံး ဖြစ်ပွားစေသည့် ရောဂါများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ကင်ဆာရောဂါ၏ ရာခိုင်နှုန်း ၇၀ ရာခိုင်နှုန်းသည် ဝင်ငွေနိမ့်ကျသော နိုင်ငံများနှင့် အလယ်အလတ်ရှိ နိုင်ငံများတွင် ဖြစ်ပွားနေကြောင်း ဖွံ့ဖြိုးဆဲနိုင်ငံ များတွင် ကင်ဆာရောဂါဖြစ်ပွားနှုန်းမှာ လူဦးရေ ၁၀ သန်းခန့် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကင်ဆာရောဂါ ကြောင့် သေဆုံးသူဦးရေမှာ သုံးသန်းကျော်ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ နှစ်စဉ်သေဆုံးသူ ၂ ဒသမ ၉ သန်းသည် အမျိုးသမီး မီးယပ်ကင်ဆာရောဂါကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံတွင် ရင်သားကင်ဆာသည် အဖြစ်အများ ဆုံးဖြစ်ပြီး၊ သားအိမ်ခေါင်းကင်ဆာသည် ဒုတိယအများဆုံးဖြစ် သည်။

အချို့ကင်ဆာများသည် ကာကွယ်၍ မရသော်လည်း စောစော သိလျှင် ကုသ၍ပျောက်ကင်းသည်။ သားအိမ်ခေါင်းကင်ဆာသည် ကာကွယ်ကုသ၍ရသော ကင်ဆာဟုသိရပြီး ကာကွယ်သည့် နည်းလမ်းများကို လိုက်နာကြရန်လိုအပ်သည်။

ကင်ဆာဖြစ်ရခြင်းအကြောင်းအရင်းများအနက် အစား အသောက်ကြောင့် ဖြစ်ပွားနှုန်း ၃၅ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးနေရာ တွင်ရှိပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုကြောင့် ရာခိုင်နှုန်း ၃၀၊ ဗိုင်းရပ်စ်ပိုးများကြောင့် ရာခိုင်နှုန်း ၁၀၊ လိင်ဆက်ဆံမှုများကြောင့် ခုနစ်ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ကင်ဆာရောဂါသည် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ် ဖြစ်လာပြီး ကင်ဆာရောဂါကြောင့် လူတစ်ဦးချင်းသာမက ပြည်သူ လူထုတစ်ရပ်လုံး၏ လူမှုဆုံးရှုံးမှုများ ဖြစ်ပေါ်စေလျက်ရှိသည်။ ရင်သားကင်ဆာသည် အသက် ၄၀ မှ ၄၉ နှစ်အရွယ် အမျိုးသမီး များတွင် ဖြစ်ပွားနှုန်းမြင့်တက်လာကြောင်း အရွယ်ရောက်ပြီးသူ အမျိုးသမီးတိုင်း အသက် ၅၀ အရွယ်အထိ ၂ နှစ်တစ်ခါ၊ ရင်သား ကင်ဆာစစ်ဆေးမှု ပြုလုပ်သင့်ကြောင်းနှင့် အသက် ၅၀ မှ ၇၅ နှစ်အတွင်း ၂ နှစ်တစ်ခါ၊ ၃ နှစ်တစ်ခါ စစ်ဆေးသင့်ကြောင်း သုတေသနပညာရှင်များက အသိပေးထားကြောင်းသိရသည်။

ကင်ဆာရောဂါရှာဖွေကုသရေးလုပ်ငန်းများကို လူထုအခြေပြု ဆောင်ရွက်ခြင်းဖြင့် ကင်ဆာရောဂါဖြစ်ပွားနှုန်း ကျဆင်းရေးကို အထောက်အပံ့ဖြစ်စေချင်ကြောင်း။       ။






အခြားဆက်စပ်သတင်းများ