တောင်ကုတ် ဇွန် ၁၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့နယ် ရခိုင်အမျိုးသားပါတီ (ANP) အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလွင် (ခ) မောင်ကဲကို တပ်မတော်က ဇွန် ၉ ရက်တွင် ခေတ္တခေါ်ယူထိန်းသိမ်းထားကြောင်းမိသားစုဝင် များက ပြောသည်။
ဖြစ်စဉ်မှာ ဇွန် ၉ ရက်၊ နံနက် ၂ နာရီက မအီမြို့နယ်ကတပ်၊ အမှတ် (၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စစ်သားအင်အားအဖွဲ့က ခေတ္တခေါ်ယူထိန်းသိမ်းထားဖြစ်ပြီး၊ မည်သည့်အတွက်ကြောင့် ခေါ်ဆောင်သွားခြင်းကို မသိရသေးကြောင်းရခိုင်အမျိုးသားပါတီ (ANP) အမှုဆောင်အဖွဲ့ ဥက္ကဌဦးမျိုးလွင်၏ တူတော်စပ်သူက ပြောသည်။
တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ ANP ဒုဥက္ကဋ္ဌ ဦးဝေသောင်း၊ မြို့နယ်စည်ပင်ဥက္ကဋ္ဌ ဦးဇေယျကျော်နှင့်ညီဖြစ်သူအပါအဝင် မြို့နယ်စည်ပင် ဥက္ကဋ္ဌဟောင်းဦးစန်းဝေတို့လေးဦးကို AA လက်နက်ကိုင်အဖွဲ့နှင့် ဆက်သွယ်သည်ဟုဆိုသော သံသယဖြင့် ထိန်းသိမ်းထားပြီးသံတွဲခရိုင်တရားရုံးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်