နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်းပြားမြို့နယ် သစ်ပုတ်တောင်ရွာအနီးတွင် တိုက်ပွဲကြောင့် ဒေသခံခြောက်ထောင်နီးပါး ထွက်ပြေးနေရ

မင်းပြား    ဇွန်   ၁၁


ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ကျောက်ခုတ်နှင့် သစ်ပုတ်တောင် ကျေးရွာကြားတွင် ဇွန်လ(၁၀)ရက်နေ့ နံနက်ပိုင်းကပစ်ခတ် ပေါက်ကွဲမှုတစ်ခုဖြစ်ပြီးနောက် ဒေသခံခြောက်ထောင်နီးပါးခန့် နီးစပ်ရာကျေးရွာများကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။


ကျောက်ခုတ်ကျေးရွာတွင် အိမ်ခြေ(၆၀ဝ)နီးပါးခန့်ရှိပြီးလူဦးရေသုံးထောင်ကျော်ရှိကြောင်း သစ်ပုတ်တောင် ကျေးရွာ၌အိမ်ခြေ ၄၀ဝ ကျော်ရှိပြီးလူဦးရေသုံးထောင် ဝန်းကျင်ရှိနေကြောင်းဒေသခံများက ပြောသည်။


ရခိုင်ပြည်နယ်၊ မင်းပြားမြို့  လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်ကို ဆက်သွယ်မေးမြန်းရာ ကျောက်ခုတ်ရွာတွင် ဒေသခံခုနှစ်ဦးဖမ်းဆီးထိန်းသိမ်းခံနေရကြောင်းနှင့် ဇွန် ၁၀ ရက်၊ နံနက်ပိုင်းက  ပေါက်ကွဲမှုတစ်ခုဖြစ်ပွားသည်ဟုဆိုသော သတင်းမှန် ကြားရသည်ဟုပြောကြားခဲ့သည်။


မြင့်မြတ်အောင်မြင်






အခြားဆက်စပ်သတင်းများ