နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီတလီအမျိုးသားတစ်ဦးတွင် မျောက်ကျောက်၊ ကိုဗစ်၊ HIV တို့ တစ်ပြိုင်နက် စစ်ဆေးတွေ့ရှိ

ရောမ၊ အောက်တိုဘာ ၄
အသက် ၃၆ နှစ်အရွယ် အီတလီ အမျိုးသားတစ်ဦးတွင် မျောက်ကျောက်၊ ကိုဗစ်နှင့် HIV ရောဂါပိုးများကို တစ်ပြိုင် နက်တည်း စစ်ဆေးတွေ့ရှိကြောင်း အောက်တိုဘာ ၃ ရက် မီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။
လူတစ်ဦးတွင် အဆိုပါရောဂါ သုံးခု တစ်ပြိုင်နက် ကူးစက်ခံရမှုသည် သမိုင်း တစ်လျှောက် ပထမဆုံးအကြိမ်ဖြစ် ကြောင်း သိပ္ပံပညာရှင်များက အစီရင်ခံ ပြောကြားသည်။
အဆိုပါအမျိုးသားသည် ယခုနှစ် အစောပိုင်းတွင် စပိန်နိုင်ငံခရီးက ပြန် ရောက်ပြီး ကိုးရက်အကြာတွင် ပင်ပန်း နွမ်းနယ်ခြင်း၊ အဖျားတက်ခြင်းနှင့် လည်ချောင်းနာခြင်း စသည့်လက္ခဏာ များဆက်တိုက်ပေါ်ပေါက်လာပြီးနောက် ဇူလိုင်လ ဝန်းကျင်တွင်အိုမီခရွန်မျိုးကွဲ ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး နောက်တစ်နေ့တွင် မျောက်ကျောက် ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်လာ ကြောင်း ဆိုသည်။
ထို့ကြောင့် ကျန်းမာရေးဝန်ထမ်း များက ယင်းကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရာ စပိန်တွင် အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့ကြောင်း ဝန်ခံပြောကြား ပြီးနောက် အီတလီ တက္ကသိုလ် ဆေးရုံ၏ သုတေသီများက စစ်ဆေးမှုများ ထပ်မံ ပြုလုပ်ကာ ကိုဗစ်၊မျောက်ကျောက်ရောဂါ များအပြင် HIV ရောဂါပိုးပါရှိနေကြောင်း အတည်ပြုလိုက်ခြင်း ဖြစ်သည်။
အဆိုပါအမျိုးသားသည် လက်ရှိ တွင် အချို့ရောဂါလက္ခဏာများ အနည်း ငယ်သက်သာနေပြီဖြစ်၍ ဆေးရုံဆင်း ကာသီးခြားခွဲထားရန် နေအိမ်သို့ပို့ ဆောင်ပေးထားသည်။
ရဲခေါင် (ref: BBC)






အခြားဆက်စပ်သတင်းများ