နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မွန်မြတ်သော ဆေးဝါး အလှူဒါနပြုစေချင်

ကျွန်ုပ်တို့နိုင်ငံတွင် အခမဲ့ဆေးဝါးကုသပေးမှုများ တိုးပွားလာ လျက်ရှိသည်။ အခမဲ့ဆေးဝါးကုသပေးခြင်းကို လူထုက အမှန်ပင် လိုလားကြသည်။ နေရေး၊ စားရေးထက် ဆေးဖိုးမရှိပါက မသက် သာသည့်အဆုံးရောက်မှသာ ဆေးရုံ၊ ဆေးခန်းသွားကြရသည်။ ဤသည်မှာ အခမဲ့ဆေးဝါးကုသပေးမှုများ လိုအပ်နေကြောင်း ထင်ရှားသကဲ့သို့ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများနှင့် ဆင်းရဲသားပြည်သူများက အခမဲ့ဆေးဝါးကုသပေးခြင်းကို ကြိုဆို လျက်ရှိသည်။ ကျန်းမာရေးကဏ္ဍတွင် အဆင့်မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်နေရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်မှုများ အသစ်တိုးချဲ့တည်ဆောက်မှုများ ဆောင်ရွက်နေပြီး နိုင်ငံတော်က နှစ်အလိုက် ဘတ်ဂျက်တိုးမြှင့်ဆောင်ရွက်ခဲ့ရာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး တိုးချဲ့ခုနစ်ထပ်ဆောင်ကို စီမံကိန်းတန်ဖိုးငွေ ၂၁၈၉၇ ဒသမ ၉၈၂ သန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး လာမည့် ဘဏ္ဍာရေးနှစ်တွင် ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ခုနစ်ထပ်ဆောင်တွင် ဓာတ်မှန်ဌာန၊ ဓာတ်ခွဲဌာန၊ ဆေးကုသမှု လူနာဆောင်များနှင့် စာသင်ခန်းများပါဝင်သည်။ အဆိုပါတိုးချဲ့ ခုနစ်ထပ်ဆောင် တည်ဆောက်ရေး၊ လုပ်ငန်း များနှင့် ဆေးကုသရေးလုပ်ငန်းများကို အောက်တိုဘာ ၁ ရက်က ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင် ဝင်း တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းသို့ ကြည့်ရှုစစ်ဆေးရာတွင် အဏုမြူရောင်ခြည်ဖြင့် ရောဂါ ရှာဖွေရေးဆိုင်ရာ စက်ပစ္စည်းများဖြစ်သည့် JPECT/ CT၊ PETCT နှင့် Cyclotron စက်လုပ်ငန်းများ ဆောင်ရွက်မှုနှင့် ဓာတ်ရောင်ခြည် ဆေးကုဌာနတွင် အိန္ဒိယသမ္မတနိုင်ငံအစိုးရက လှူဒါန်းထားရှိသော Bhabhatron II Cobalt စက်တပ်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကင်ဆာရောဂါလူနာများအနေဖြင့် ဓာတ်ရောင်ခြည်ဖြင့် ကုသမှု ခံယူရန် စောင့်ဆိုင်းရသည့်အချိန် လျှော့ချပေးနိုင်ရေးအတွက် စက်အမြန်ဆုံးတပ်ဆင်ပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ပေးရေး ထည့်သွင်းမှာကြားခဲ့သည်။ ဆေးဝါးများ လှူဒါန်းခြင်း၊ ဆေးကုသမှုစက်များ တပ်ဆင် လှူဒါန်းခြင်း၊ ကျန်းမာ‌ရေးနှင့် ပတ်သက်သော အသိပညာဗဟုသုတ များ ဟောပြောပို့ချခြင်း၊ အခမဲ့ကုသပေးခြင်းတို့သည် ဆေးအလှူ များဖြစ်သည်။ ဆေးလှူဒါန်းခြင်းအလုပ်သည် အမွန်မြတ်ဆုံးသော အလုပ်၊ အမွန်မြတ်ဆုံးသော ဒါနဖြစ်သည်။ ပြည်သူများ၏ ကျန်းမာ ရေးအဆင့်အတန်း တိုးတက်လာစေရန် အခမဲ့ဆေးဝါးကုသမှုများ ဆေးအလှူများကို တိုးမြှင့်ဆောင်ရွက်စေချင်ကြောင်း။ ။






အခြားဆက်စပ်သတင်းများ