နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်ရောက် မြန်မာအလုပ်သင် လုပ်သားများ အလုပ်လက်မဲ့ဖြစ်နေပါက ယင်းနိုင်ငံ၏ အာမခံအကျိုးခံစားခွင့်ရှိ

ရန်ကုန်၊ ဇွန် ၁၁


ဂျပန်နိုင်ငံရောက် နည်းပညာဆိုင်ရာ မြန်မာ အလုပ်သင် လုပ်သားများ လက်ရှိ Covid 19 ဂယက်ကြောင့် အလုပ်လက်မဲ့ဖြစ်ပါက ယင်းနိုင်ငံအစိုးရထံမှ အကျိုးခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံ၏ ဥပဒေအရ အခြေခံအာမခံ အကျိုးခံစားခွင့်များကို နိုင်ငံခြားသား အလုပ်သမားများအတွက် တန်းတူအခွင့်အရေး ပေးထားခြင်းများရှိကြောင်း အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုထံမှ သိရသည်။


ဂျပန်နိုင်ငံအစိုးရ သတ်မှတ်ထားသည့်အချက်များနှင့်ကိုက်ညီသော နည်းပညာဆိုင်ရာ အလုပ်သင် သင်တန်း သား လုပ်သားများအနေဖြင့်  ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုအခြေအနေများကြောင့် ကုမ္ပဏီ/စက်ရုံများ ရပ်နားခြင်း၊ ဒေဝါလီခံရခြင်းစသည့် အကြောင်းရင်းများကြောင့် အလုပ်လက်မဲ့ဖြစ်သွားပါက အခြား ကုမ္ပဏီ/ စက်ရုံများကို ရှာဖွေတွေ့ရှိသည့်အချိန်အထိ ဂျပန်နိုင်ငံသားများနှင့်တန်းတူ အကျိုးခံစားခွင့်များရရှိမည် ဖြစ်ကြောင်း သိရသည်။


ထို့အပြင် ဂျပန်နိုင်ငံ၏ အလုပ်သမားဥပဒေအရ ကုမ္ပဏီ/ စက်ရုံများမှ ခိုင်မာမှုရှိသည့် အကြောင်းရင်း တစ်စုံတစ်ရာကြောင့် ယင်းတို့ အလုပ်သမားများကို အလုပ်နားစေပါက အလုပ်သမားများ စားဝတ်နေထိုင်ရေး အဆင်ပြေလုံခြုံမှုရှိရန်နှင့်  အလုပ်နားနေစဉ်ကာလအတွင်း အလုပ်နားထောက်ပံ့ကြေးပေးရန်ကိုလည်း သတ်မှတ်ထားကြောင်း သိရသည်။ နည်းပညာဆိုင်ရာ အလုပ်သင် သင်တန်းသားလုပ်သားများက  ဂျပန်နိုင်ငံ၏ အလုပ်သမားဆိုင်ရာ ဥပဒေအရ အလုပ်သင် သင်တန်းခေါ်ယူသည့်အဖွဲ့အစည်းမှ ခေါ်ယူအလုပ်ခန့်ထားခြင်းဖြစ်သည့်အတွက် တရားဝင်ကာကွယ်စောင့်ရှောက်မှု ခံစားခွင့် ရရှိမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဇွန်လ ဒုတိယပတ်အတွင်း ထုတ်ပြန်ထားသည်။


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ